Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 26, 2015

တစ်နေ့တည်း ပေါင် (၂ ဒသမ ၂) ဘီလီယံ ဆုံးရှုံးသွားတဲ့ သူဌေး

တစ်ရက်တည်း ပေါင်ဘီလီယံနဲ့ချီ ဆုံးရှုံးသွားတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ကာလကြာရှည် ရှာဖွေထားတဲ့ ငွေကြေး ဥစ္စာတွေ တစ်ရက်တည်းနဲ့ အတော်များများ ဆုံးရှုံးမှုကြုံပါက ဘယ်သူမဆို ထိတ်လန့်သွားမှာ ဖြစ်ပါတယ်။ ပေါင် ( ၂ ဒသမ ၂ ) ဘီလီယံဆိုတဲ့ ငွေကြေးက အလွန်မျာပြားပြီး တော်ရုံသူဌေးမျိုး အနေနဲ့ ဒီလို ဆုံးရှုံးမှု ကြုံရပါက ဘ၀ပါ ပျက်သွားမှာ ဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုကို ကြုံလိုက်ရသူက တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး Wang Jialin ဖြစ်ပါတယ်။ အိမ်ခြံမြေ လုပ်ငန်းတွေနဲ့ ချမ်းသာ ကြွယ်ဝနေတဲ့ Wang Jialin ဟာ အာရှတိုက်မှာ အချမ်းသာဆုံး အဖြစ် သတ်မှတ်ခံထားရပါတယ်။ Wang Jialin ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ တစ်ဦး အပါအ၀င်ဖြစ်ပေမယ့် ဒီဆုံးရှုံးမှုကြောင့် အတော် အထိနာသွားတယ်လို့ သိရပါတယ်။ ဒါဟာ Wang Jialin ပိုင်ဆိုင်မှုရဲ့ ဆယ်ပုံတစ်ပုံ နီးပါး ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရှယ်ယာဈေးနူန်းဟာ တဖြည်းဖြည်း ကျဆင်းနေပြီး ပြီးခဲ့တဲ့ တနင်္လာမှာ အဆိုးရွားဆုံး ဖြစ်ခဲ့တာကြောင့် Wang Jialin ဟာ အထိနာသွားခြင်း ဖြစ်ပါတယ်။ Wang Jialin ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတွေက ရှယ်ယာတန်ဖိုးတွေဟာ ထိုးကျသွားခဲ့တာကြောင့် အခုလောက် အရှုံးပေါ်သွားခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာဟာ တရုတ် လုပ်ငန်းရှင်တွေ အတွက် ကံမကောင်းတဲ့နေ့ ဖြစ်ခဲ့ပြီး Wang Jialin အပါအ၀င် လုပ်ငန်းရှင် အများအပြားကို ရိုက်ခတ် သွားစေခဲ့ပါတယ်။ တရုတ်ရှယ်ယာ ကျဆင်းမှုဟာ ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်လာနိုင်ကြောင်း သတိပေးထားပါတယ်။
messenger news journal

No comments:

Post a Comment