Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 24, 2015

Aston Martin က မြင်းကောင်ရေအား 800 HP ရှိတဲ့ လျှပ်စစ်ကားတစ်မျိုးကိုထုတ်လုပ်



ယနေ့ခေတ် နည်းပညာ လောကရဲ့ တိုးတက်မှု တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ အီလက်ထရစ် ကား တွေဟာ တစ်နာရီကို မိုင် ၇၀ ရောက်ဖို့တောင် အနိုင်နိုင်ပါ။

ဒါပေမယ့် ကမ္ဘာကျော် မော်တော်ကားကုမ္မဏီတစ်ခုဖြစ်တဲ့ Aston Martin ဟာ ၂ နှစ်တာကာလအတွင်း နောက်ထပ် အီလက်ထရစ် ကား တစ်စီးကို ထပ်ထုတ်လိုက်ပြန်ပါပြီ။

တံခါး ၄ ပေါက်ပါဝင်တဲ့ ဒီ အီလက်ထရစ်ကားဟာ 4-Wheel စနစ် ပါဝင်တဲ့အတွက် လမ်းကြမ်းဖြစ်စေ ၊ တာဝေးဖြစ်စေ အလွယ်တကူ မောင်းနှင်နိုင်ပြီး တစ်နာရီကို မိုင် ၂၀၀ နှုန်းအထိ အမြင့်ဆုံး မောင်းနှင်နိုင်သလို အင်ဂျင်ရဲ့ မြင်းကောင်ရေးအားဟာ 800 HP အထိရှိတယ်လို့လည်း သိရပါတယ်။

ဒီ ကားကိုတော့ Aston Martin Rapide DBX အဖြစ်လူသိများပြီး ဓါတ်ဆီ နဲ့ အီလက်ထရစ် စပ်ပေါင်းစွမ်းအင်(Hybrid) သုံး မော်တော်ကားအဖြစ် အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကား ရဲ့တန်ဖိုးကတော့ စတာလင်ပေါင် ၁၂၈၀၀၀ နဲ့ စတာလင်ပေါင် ၁၆၀၀၀၀ တို့အကြားမှာ ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Aston Martin ကားကုမ္မဏီ ဟာ လက်ရှိမှာ Tesla ကားကုမ္မဏီ နဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့အတွက် Tesla ရဲ့ Ludicrous Mode လို့ ခေါ်တဲ့ ၀.၂၈ စက္ကန့်အတွင်း အရှိန်ကို ၆၀ mph ရောက်သွားအောင် မြှင့်တင်နိုင်မယ့် စနစ်ကိုလည်း Aston Martin ရဲ့ CEO ဖြစ်သူ Andy Palmer က "ကျွန်ုပ်တို့ Ludicrous အရှိန်ကို မလိုအပ်ပါဘူး။ Ludicrous အရှိန်ဆိုတာက မိုက်မဲ လွန်းပါတယ်" လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro

No comments:

Post a Comment