CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 6, 2015
MPT နှင့် CDMA ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၃) ဖြင့် ပြောင်းလဲ ကောက်ခံမည်
MPT ဆင်းကတ်နှင့် CDMA 450/800 ဆင်းကတ် သုံးစွဲသူများ ဖုန်းခေါ်ဆိုခကို လက်ရှိ ကောက်ခံနေသည့် နှုန်းထက် လျှော့ချ၍ ဇူလိုင်လ (၈) ရက်နေ့တွင် တစ်မိနစ်(၂၃) ကျပ်ဖြင့် ပြောင်းလဲ ကောက်ခံ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
““အခု သတ်မှတ်လိုက်တဲ့ သက်သာတဲ့ ဈေးနှုန်း တင်မကဘဲ အခု သုံးစွဲနေတဲ့ မိဘ ပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်းစီကို ကျေးဇူး တုံ့ပြန် လိုက်တာပါပဲ”” ဟု MPT မှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။
ဖုန်းခေါ်ဆိုခ ပြောင်းလဲ ကောက်ခံရာတွင် MPT ၏ ဆွေသဟာ အစီအစဉ် သုံးစွဲ နေသူများကို လက်ရှိ တစ်မိနစ်လျှင် (၃၅) ကျပ် အစား တစ်မိနစ်လျှင် (၂၃) ကျပ်သို့ လည်းကောင်း၊ CDMA450/800 သုံးစွဲနေသူများကို လက်ရှိ တစ်မိနစ် (၅၀) ကျပ် အစား၊ တစ်မိနစ် (၂၃) ကျပ်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြောင်းလဲ ကောက်ခံမည့် ဈေးနှုန်း အသစ်ဖြင့် သုံးစွဲရာတွင် ထပ်ဆောင်းပြီး ၀န်ဆောင်ပေးရန် မလိုအပ်ဘဲ မည်သည့် ဆက်သွယ်ရေး အော်ပရေတာများကို ခေါ်ဆိုသည် ဖြစ်စေ အဆိုပါ ဈေးနှုန်းဖြင့်သာ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
““ဒီလို ဈေးနှုန်းလျှော့တာ ဆွေသဟာ အစီအစဉ်ကို ပြောင်းထားတဲ့ သူတွေမှပဲ ရမှာ ဖြစ်တဲ့ အတွက် မပြောင်းထားတဲ့ သူတွေ အတွက်ကျတော့ ဈေက တော်တော် ကွာသွားတာ၊ ဒါတော့ မဖြစ်သင့်ဘူး”” ဟု MPT သုံးစွဲသူ ကုမ္ပဏီ ၀န်ထမ်း မသန္တာဦးက ဆိုသည်။
အထက်ပါ ဖုန်းခေါ်ဆိုခများ ထပ်မံ လျှော့ချရုံ သာမက ဇူလိုင်လ (၅) ရက်နေ့မှ (၇) ရက် အတွင်း ငွေဖြည့်သော ပြည်သူများ အတွက်လည်း (၅၀) ရာခိုင်နှုန်း အပိုထပ် ဆောင်းငွေများကို လက်ဆောင် အဖြစ် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
GSM/CDMA သုံးစွဲသူများ အနေဖြင့် ဆွေသဟာ အစီစဉ် ရယူထားသူသာ အထက်ပါ ၀န်ဆောင်မှုများကို ရရှိမည်ဖြစ်ပြီး၊ ဆွေသဟာ အစီစဉ် မရယူထားသူများကိုမူ ယခင်အတိုင်းပင် ဆက်လက် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
MPT မှ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားကို လျှော့ချပေးရာတွင် အာဆီယံ (၁၁) နိုင်ငံနှင့် အခြားနိုင်ငံ (၈) နိုင်ငံတို့ကို ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် (၂၀၀) ကျပ်မှ စပြီး သက်သာသည့် နှုန်းထားဖြင့် ဖုန်းခေါ်ဆိုနိုင်ကြောင်း သိရသည်။
စိုးစည်သူ
The Messenger Media
http://www.messengerdaily.com/
MPT နှင့် CDMA ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၃) ဖြင့် ပြောင်းလဲ ကောက်ခံမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment