Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

ISIS ၏ Caliphate Cubs အဖွဲ့က အစိုးရတပ်ဖွဲ့ဝင် ၂၅ ဦးကို ပဲလ်မိုင်ရာမြို့ ၌ ကွပ်မျက်ထားသည့် ဗီဒီယိုဖိုင် ထုတ်ဖော်ပြသ


စမတ်စကပ် ၊ ၆-၇-၂၀၁၅

ISIS စစ်သွေးကြွ အဖွဲ့သည် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ပဲလ်မိုင်ရာမြို့ ၌ အစိုးရ တပ်ဖွဲ့ဝင် ၂၅ ဦးကို ကွပ်မျက် ထားသည့် ဗီဒီယိုဖိုင် တစ်ခုကို ဇူလိုင် ၄ ရက်က ထုတ်ဖော်ပြသ ခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ ၏ ပြောကြားချက်ကို Xinhua သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ကွပ်မျက်မှုကို သက်တမ်း ထောင်စုနှစ် ကြာပြီဖြစ်သော ပဲလ်မိုင်ရာမြို့ ရှိ ရှေးဟောင်း Romanian ပြဇာတ်ရုံ၌ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး မေ ၂၇ ရက် နှောင်းပိုင်းက ကွပ်မျက် ခဲ့သည်ဟု ယူဆရကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့သည် ပဲလ်မိုင်ရာမြို့ကို မေလက သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရ တပ်ဖွဲ့ဝင် ၂၅ ဦးအား ကွပ်မျက်မှုကို ၄င်းတို့အဖွဲ့မှ ငယ်ရွယ်သော အကြမ်းဖက် သမားများက လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန် အခြေစိုက် လေ့လာ စောင့်ကြည့်ရေး အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့ပြင် အခြားသတင်း ထုတ်ပြန်ချက်များ အရ အဆိုပါ ကွပ်မျက်မှုကို ISIS အဖွဲ့က ပုံသွင်းလေ့ကျင့် ပေးထားသော ကလေးငယ်များ အဖွဲ့ဖြစ်သည့် Caliphate Cubs အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် ပဲလ်မိုင်ရာမြို့ကို စီးနင်း တိုက်ခိုက် ခဲ့ပြီးနောက် ၄င်းမြို့ရှိ စစ်ဘက် အကျဉ်းထောင်နှင့် အစ္စလာမ်မစ် အုတ်ဂူများစွာ အပြင် ရှေးဟောင်း အမွေအနှစ် များစွာကိုလည်း ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment