Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

iPhone ရဲ့ ခံနိုင်ရည်ကို AK-74 ရိုင်ဖယ် နဲ့ ပစ်ပြတဲ့ စမ်းသပ်မှု






တကယ်လို့ သင်ဟာ မျက်နှာပြင်မာကြောမှုရှိတဲ့ iPhone ကို အသုံးပြုသူဆိုရင် သင့် ခန္ဓာကိုယ်ကို ကျည်ဆန်မပေါက်အောင် iPhone ဘယ်နှလုံး ထည့်ထားရမယ်လို့ ထင်ပါသလဲ။

iPhone အသစ် တစ်လုံး ထွက်လာတိုင်း ၎င်းရဲ့ resolution ၊ Battery၊ Camera ကောင်းမကောင်း စတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး မေးခွန်းတွေ၊စမ်းသပ်မှုတွေ ထွက်ပေါ်လာစမြဲပါ။

EverythingApplePro ဆိုတဲ့ Youtube Channel ကတော့ iPhone ရဲ့ မျက်နှာပြင် မာကြောမှုခံနိုင်ရည်ကို AK-74 ( Russia နိုင်ငံလုပ် 1974 ခုနှစ်က စတင် သုံးခဲ့သော ရိုင်ဖယ် ) နဲ့ အနီးကပ် ပစ်ပြီး စမ်းသပ်ပြခဲ့ပါတယ်။

အဆိုပါ AK -74 သေနတ်ဟာ ကျည်ဆန်ကို ကျည်ကတ်ထဲကနေ တစ်စက္ကန့်ကို ပေ ၂၉၀၀ (၈၈၄ မီတာ) နှုန်းနဲ့ ထွက်စေပါတယ်။ ဒါ့ကြောင့် ကျည်ဆန်ဟာ သင့်ကို ဖောက်ထွင်းမသွားစေနိုင်ဖို့ သင့် အိတ်ကပ်ထဲမှာ Iphone ဘယ်နှလုံးထည့်ထားရမလဲ ။

အဆိုပါ ဗီဒီယိုထဲမှာ သစ်သားစင်တစ်ခု ပြုလုပ်ပြီး iPhone 6Plus သုံးလုံး ၊ iPhone 6s နှစ်လုံး ၊ iPhone အသေးတစ်လုံး ၊ iPhone ကလုန်း တစ်လုံးနဲ့ Samsung Galaxy S6 တစ်လုံး ( စုစုပေါင်း ၈ လုံး ) ကို သင့်တော်တဲ့ အကွာအဝေး ခြားပြီး တန်းစီပြီး တင်ထားပါတယ်။

အဲ့ဒီနောက်မှာတော့ ဗီဒီယိုထဲက သူဟာ ချိန်ပြီး ပစ်ပါတော့တယ်။ ပထမအကြိမ် ပစ်တဲ့အခါမှာ ကျည်ဆန်ဟာ သူ့ လမ်းကြောင်းတစ်လျှောက်မှာ သစ်သားဖရိန်ကိုသာ ထိတာ မြင်တွေ့ရပါမယ်။ ဒုတိယ အကြိမ် ပစ်တဲ့အခါတော့ တန်းစီထားတဲ့ ဖုန်းတွေရဲ့ အလယ်တည့်တည့်ကို ပစ်တာ ဖြစ်ပါတယ်။ ဗီဒီယို အဆုံးမှာ ရိုင်ဖယ် နဲ့ ဆက်တိုက်ဆက်တိုက် ပစ်ခတ်မှုကိုလည်း ကြည့်ရမှာ ဖြစ်ပါတယ်.။

တကယ်တမ်း ကျည်ဆန်ကို သင့်ခန္ဓာကိုယ်ကို မပေါက်သွားစေချင်ရင်တော့ iPhone ၅ လုံး လိုအပ်တာကို တွေ့ရပါလိမ့်မယ်။

အောက်ပါ ဗီဒီယိုကို ကြည့်ပြီး အိမ်မှာ စမ်းသပ်မကြည့်ဖို့ သတိပေးထားပါတယ်။



( TMW )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet

No comments:

Post a Comment