တရုတ်နိုင်ငံမှာရှိတဲ့ ပာိုတယ်တစ်ခုမှာ မိခင်တစ်ဦးဟာ ၀ရန်တာအပြင်ဘက် ထွက်ပြီး အသက် (၂)နှစ်
အရွယ်သမီးဖြစ်သူကို လက်နဲ့ကိုင်ကာ တွဲလောင်းချပြီး အကျပ်ကိုင် တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသမီးဖြစ်သူရဲ့ အမည်ကို ဖော်ပြခြင်းမရှိပေမယ့် ဒီလုပ်ရပ်အပေါ် နားလည်ခြင်း မရှိကြပါဘူး။
ဒီအမျိုးသမီးဟာ အသက် နှစ်နှစ်အရွယ် သမီးဖြစ်သူနဲ့ ပာိုတယ်ကို ရောက်လာပြီး (၁၃)ထပ် မှာတည်းခဲ့ပါတယ်။ ဒီနောက် ဟိုတယ်ဝရန်တာမှာထွက်ပြီး ကလေးငယ်ကို ဓားစာခံလို အသုံးချပြီး တောင်းဆိုမူတွေပြုလုပ်ခဲ့ပါတယ်။ ဒီအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူကို ကွာရှင်းလိုကြောင်း တောင်းဆိုခဲ့တာပါ။
တကယ်လို့ ပြောတဲ့အတိုင်း မလုပ်ပေးပါက ကလေးဖြစ်သူကို ပစ်ချမယ်လို့ အကျပ်ကိုင်ခဲ့တာပါ။
ကယ်ဆယ်ရေးသမား တွေရောက်လာပြီး မြေကြီးပေါ်မှာ ရေမြှုပ်တွေတောင်ခင်းခဲ့ပါတယ်။ ဒီနောက်
ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် သဘောတူညီ ချက်ရယူခဲ့ပါတယ်။ တာဝန်ရှိသူတွေဟာ အမျိုးသမီးရဲ့
ခင်ပွန်းဖြစ်သူနဲ့ ဆက်သွယ်ပြီး ကွာရှင်းခွင့် တရားဝင်ဖြစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အမျိုးသမီးရဲ့
ခင်ပွန်းဖြစ်သူဟာ လောင်းကစားသမားတစ်ဦး ဖြစ်ပြီး အမြဲတမ်းနှိပ်စက်နေတာကြောင့် ကွာရှင်းခွင့်
တောင်းခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးမှုဟာ သုံးနာရီကြာခဲ့ပြီး အမျိုးသမီးကိုတော့ တာဝန်ရှိသူတွေ
ခေါ်ဆောင်သွားပြီး သမီးဖြစ်သူကိုတော့ သီးခြား ခွဲထားပါတယ်။ ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုတာ
သိရှိရခြင်း မရှိသေးကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။
messenger news journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 3, 2015
ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခွင့်ရအောင် သမီးငယ်ကိုတိုက်ပေါ်ကနေ ပစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ မိခင်
ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခွင့်ရအောင် သမီးငယ်ကိုတိုက်ပေါ်ကနေ ပစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ မိခင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment