Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 3, 2015

၉/၁၁အကြမ်းဖက်မှုတွင် အဆုတ်ရောဂါရခဲ့သည့် မီးသတ်သမား ဒေါ်လာ(၅)သန်း ခဲခြစ်ထီပေါက်


ကမ္ဘာ့ကုန်သွယ်ရေး ဌာနချုပ်ကို ခရီးသည်တင် လေယာဉ်နှစ်စင်းဖြင့် ၀င်တိုက်ခဲ့သည့် ၉/၁၁ အကြမ်းဖက်မှုကြောင့် အဆုတ်ထိခိုက်ခဲ့သော နယူးယောက်မြို့မှ မီးသတ်သမားတစ်ဦးသည် ဇူလိုင် ၂ရက်နေ့က အမေရိကန်ဒေါ်လာ ၅သန်း ခဲခြစ်ထီ ပေါက်ခဲ့ကြောင်း news.sky.com က ဖော်ပြထားသည်။
၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ရက်က ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်မှုအပြီး ကမ္ဘာ့ကုန်သွယ်ရေး ဌာနချုပ် မြေအောက်ခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသည့် မာကာဒိုသည် အဆုတ်ရောဂါကြောင့် ၂၀၀၄ ခုနှစ်တွင် မီးသတ်သမားအဖြစ်မှ အနားယူခဲ့သည်။ အသက် ၆၃နှစ် အရွယ်ရှိ မာကာဒိုသည် စတိုးဆိုင်သို့ ရောက်ရှိပြီးနောက် Cash X100 ခဲခြစ်ထီ တစ်စောင်ဝယ်ယူ၍ ကံစမ်းရာတွင် မပေါက်ခဲ့သော်လည်း ဒုတိယတစ်စောင် ထပ်မံကံစမ်းရာတွင် အမေရိကန် ဒေါ်လာ ၅သန်း ပေါက်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် မာကာဒိုသည် အခွန်ဆောင်ပြီးနောက် ဒေါ်လာ ၃.၃သန်း အသားတင် ရရှိမည်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖလော်ရီဒါပြည်နယ်ရှိ
ဝေါ့ဒစ္စနေးသို့ မိသားစုလိုက် ခရီးထွက်လေ့ရှိသည့် မာကာဒိုက ထီပေါက်သည့်ငွေဖြင့် ဝေါ့ဒစ္စနေးတွင် နွေရာသီ အပန်းဖြေအိမ်တစ်လုံး ၀ယ်ယူရန် စီစဉ်နေကြောင်း သိရသည်။
Nz (ရိုးရာလေး)

No comments:

Post a Comment