CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 28, 2015
စင်ကာပူရောက် မြန်မာအိမ်ဖော်အမျိုးသမီး လူသတ်မှုဖြင့် ထောင် ၁၃ နှစ်ကျ
စင်ကာပူနိုင်ငံတွင် အိမ်ဖော်အလုပ်လုပ်နေသော မြန်မာအမျိုးသမီးတစ်ဦးသည် အလုပ်ရှင်၏ ယောက္ခမကို ကပ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်မှုကြောင့် စင်ကာပူတရားရုံးက ဇူလိုင် ၂၇ ရက်၊ တနင်္လာနေ့တွင် ထောင်ဒဏ် ၁၃ နှစ် စီရင်ချက် ချမှတ်လိုက်ပါသည်။ မြန်မာအိမ်ဖော်အမျိုးသမီးက အိမ်ရှင်၏ ယောက္ခမကြီးကို ကပ်ကြေးဖြင့် ထိုးသတ်ခဲ့သော မှုခင်းဖြစ်ပွားရာ အဆင့်မြင့် ကွန်ဒိုမီနီယမ်ဝင်း ဂိတ်ဝ ဖြစ်ပါသည်။မြန်မာအိမ်ဖော်အမျိုးသမီးက အိမ်ရှင်၏ ယောက္ခမကြီးကို ကပ်ကြေးဖြင့် ထိုးသတ်ခဲ့သော မှုခင်းဖြစ်ပွားရာ အဆင့်မြင့် ကွန်ဒိုမီနီယမ်ဝင်း ဂိတ်ဝ ဖြစ်ပါသည်။အသက် ၂၅ နှစ်ရှိ မသန်းသန်းဝင်းသည် သူမ တစ်နှစ်ကျော် အလုပ်လုပ်နေသော အိမ်ရှင်၏ ယောက္ခမကြီးကို စိတ်ဆိုးပြီး ယမန်နှစ် မတ်လ ၄ ရက်နေ့က သတ်လိုက်သော အမှုဖြင့် ဖမ်းဆီးအရေးယူခံရခြင်း ဖြစ်သည်။ အသက် ၈၇ နှစ်ရှိ ယုန်ဝမ်လန်သည် မသန်းသန်းဝင်းအား ကြမ်းပြင်ကို ပြောင်အောင် မဆေးသောကြောင့် “အသုံးမကျဘူး” ဟု ဆူပူပြောဆိုခဲ့ကြောင်း အမှုစစ်ချက်တွင် ဖော်ပြထားသည်။ မသန်းသန်းဝင်းသည် ကပ်ကြေးတစ်လက်ကို ယူပြီးနောက် တီဗီကြည့်နေသော အဖွားအို ယုန်ဝမ်လန်အား အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ပါသည်။ စုစုပေါင်း ဒဏ်ရာ ၂၁ ချက်အနက်၊ နှလုံးနှင့် အဆုတ်ကို ထိသော ဒဏ်ရာ နှစ်ချက်ကြောင့် ယုန်ဝမ်လန် သေဆုံးခဲ့ရသည်။ အခင်းဖြစ်ပွားစဉ်က ၎င်းတို့နေထိုင်ရာ ကွန်ဒိုမီနီယမ် ၈ ထပ်ရှိ တိုက်ခန်းတွင် သူတို့ နှစ်ဦးသာ ရှိပါသည်။ ထို့နောက်၊ မသန်းသန်းဝင်းသည် အဝတ်အစားများ ဝတ်လျက်ပင် ရေချိုးခန်းတွင် ရေချိုးကာ ရေစိုအဝတ်ဖြင့် ဖိနပ်မပါဘဲ ၎င်းတို့၏ ကွန်ဒိုမီနီယမ်ဝင်းအတွင်း လျှောက်သွားနေခဲ့သည်။ ထိုသို့ လျှောက်သွားနေစဉ်၊ အမိုးဖွင့်ပစ်ကပ်ကားတစ်စင်းပေါ်မှ တွေ့သော လွှတစ်ချောင်းကို ဆွဲယူက ကိုယ့်လည်ပင်းကို လှီးဖြတ်ရန် ကြိုးပမ်းစဉ် အလုပ်သမားတစ်ဦးက တွေ့မြင် တားဆီးခဲ့သည်။ ကွန်ဒိုမီနီယမ် လုံခြုံရေးက ရဲကို ခေါ်ယူခဲ့ပြီးနောက် သူမကို အပေါ်ထပ်တိုက်ခန်းသို့ ရဲများက ခေါ်ယူသွားရာ သူမက မလိုက်ဘဲ ငြင်းဆန်ခဲ့သည်။ ရဲများက တိုက်ခန်းသို့ ဝင်ရောက်စစ်ဆေးရာ သေဆုံးနေသော အဖွားအို၏ အလောင်းကို တွေ့ရှိခဲ့သည်။ မသန်းသန်းဝင်း၏ လည်ပင်းတွင်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါသည်။ မသန်းသန်းဝင်းကို မူလက လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သော်လည်း အခင်းဖြစ်ပွားစဉ်အချိန်က စိတ်ဝေဒနာ ဖိစီးခံစားနေရသော လက္ခဏာများကို ဆရာဝန်ဆေးစစ်ချက်အရ တွေ့ရှိခဲ့သဖြင့် အပြစ်ပေးနိုင်သော လူသေစေမှုအဖြစ် ရဲက စွဲချက်ကို လျှော့ပေါ့ပေးခဲ့သည်။ မသန်းသန်းဝင်း၏ အမှုစီရင်ချက်ချသော တရားခွင်သို့ သူမ၏ ဖခင်လည်း လာရောက် ခဲ့သည်။ သူမငယ်စဉ် အသက် ၉ နှစ် ၁၀ နှစ်အရွယ်မှာပင် သူမသည် စိတ်ဝေဒနာ ရှိခဲ့ပြီး အခြားသူများကို အော်ဟစ်ခဲ့ကြောင်း၊ နှစ်နှစ်ခန့် ဆေးကုသခဲ့ရကြောင်း ဖခင်က သတင်းဌာနများကို ပြောကြားပါသည်။ စွဲချက်အရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သော်လည်း တရားရုံးက မသန်းသန်းဝင်းအပေါ် ထောင်ဒဏ် ၁၃ နှစ် အပြစ်ပေးလိုက်ခြင်း
ဖြစ်သည်။
http://kabarthit.com/index.php?option=com_content&view=article&id=708%3A2015-07-28-01-40-22&catid=8%3A2013-10-13-17-09-02&Itemid=214
စင်ကာပူရောက် မြန်မာအိမ်ဖော်အမျိုးသမီး လူသတ်မှုဖြင့် ထောင် ၁၃ နှစ်ကျ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 28, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 28, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment