Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 2, 2015

ပြည့်တန်ဆာလုပ်ငန်း တရားဝင်ခွင့်ပြုထားသည့် နိုင်ငံ (၁၆) ခု


ပြည့်တန်ဆာ လုပ်ငန်းဆိုတာ ကမ္ဘာမှာ သက်တမ်းအရင့်ဆုံး လုပ်ငန်းတွေထဲ တစ်ခုအပါအ၀င် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကို လူအများစုက နိမ့်ကျပြီး မျှော်လင့်ချက်တွေ တစိုးတစိမျှ မကျန်တော့တဲ့နောက် ကြံမိကြံရာ စွတ်လုပ်တဲ့ သူတွေအတွက် အလုပ်အကိုင်တစ်ခုလို့ မြင်ကြပါတယ်။ အမျိုးသမီး(အမျိုးသားများလည်းအပါ) တွေဟာ လိင်ကုန်ကူးမှုကို ငွေကြေး၊ မူးယစ်ဆေးဝါးနဲ့ တစ်ခါတစ်လေ အစားအသောက်အတွက် လုပ်ကြတယ်။ အထူးသဖြင့် တတိယ ကမ္ဘာ့နိုင်ငံတွေမှာပေါ့။ ဝမ်းနည်းစရာကောင်းတာက ဆင်းရဲပြီး အပြစ်ကင်းစင်တဲ့ သားကောင်တွေကို လိင်ကျွန်လုပ်ငန်းသို့ အတင်းအဓမ္မ တွန်းပို့သူတွေ ရှိနေခြင်းပဲဖြစ်ပါတယ်။
ကန့်သတ်ချက်တွေနဲ့ ဥပဒေရေးရာ အကျိုးဆက်တွေရှိနေသည့်တိုင် ကမ္ဘာတစ်ဝှမ်း ပြည့်တန်ဆာလုပ်ငန်း ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားဟာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်ခွင့်ပြုထားတာရော သိပြီးပြီလား။ အဆိုပါနိုင်ငံတွေမှာ လိင်လုပ်သားများနဲ့ သာမန်ဝန်ထမ်းများက အခွင့်အရေးတွေကို တန်းတူရရှိနေကြပါတယ်။
သူတို့အကြောင်းပြချက်တွေ မည်သို့ပင်ရှိစေ လိင်ဆက်ဆံခြင်းကို တရားဝင်တောင်းဆိုနိုင်တဲ့ နိုင်ငံ (၁၆) နိုင်ငံရှိလို့နေပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့
(၁) ပြင်သစ်
(၂) ကိုလံဘီယာ
(၃) ကနေဒါ
(၄) ဒိန်းမတ်
(၅) ဘရာဇီးလ်
(၆) အီကွေဒေါ
(၇) ဘယ်လ်ဂျီယမ်
(၈) ဂျာမနီ
(၉) ဘိန်းဂလားဒေ့ခ်ျ
(၁၀) ဂရိ
(၁၁) သြစရှား
(၁၂) အင်ဒိုနီးရှား
(၁၃) ၾသစေၾတးလ်
(၁၄) နယ်သာလန်
(၁၅) နယူးဇီလန်
(၁၆) အိန္ဒိယ နိုင်ငံစသည်တို့ဖြစ်ပါတယ်။
Ref: Elitereaders
Trend Myanmar

ပြည့်တန်ဆာလုပ်ငန်း တရားဝင်ခွင့်ပြုထားသည့် နိုင်ငံ (၁၆) ခုhttp://mp4you.co.uk/world-news/231Countries-Around-The-World-That-Have-Legalized-Prostitution.html

Posted by MP4 YoU on Friday, 3 July 2015

No comments:

Post a Comment