Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

လွှတ်တော်တွင်းက တပ်ကိုယ်စားလှယ်များ ခြေ/ဥ မပြင်ဆင်ရေး ကန့်ကွက်ခြင်းသည် သမ္မတ၏ အာဘော်ဟု ဆို


လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်မှုများသည် သမ္မတက တပ်မတော် အပေါ်တွင် သြဇာညောင်းခြင်းကြောင့် သမ္မတ၏ အာဘော် ဟုသာ ယူဆကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေက ဇူလိုင် ၁ ရက်တွင် မီဒီယာများသို့ ပြောသည်။

“သမ္မတက တပ်မတော်အပေါ်မှာ သြဇာညောင်းတယ်၊ တပ်မတော်က ကန့်ကွက်မဲပေးခြင်းဟာ သမ္မတရဲ့ အာဘော်လို့ ကျွန်တော်ကယူဆတယ်။ သမ္မတက မပြင်ချင်လို့ မင်းတို့ ဒီလိုပေးလိုက်ဆိုပြီးဖြစ်တာ။ ကျွန်တော့် သဘောထားကတော့ ပြင်မယ်ဆိုပြီး ကျွန်တော်ထောက်ခံမဲထည့်ခဲ့တယ်”ဟု ဦးလှဆွေက ပြောသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment