Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

၁၉ ဇူလိုင် အာဇာနည်နေ့ဂုဏ်ပြုပွဲကို နိုင်ငံသားများ မိမိ ဆန္ဒအရ သြသြော် ဆွဲခြင်း၊ ဟွန်းတီခြင်းများ လွတ်လွတ်လပ်လပ် လုပ်နိုင်မည်


၁၉ ဇူလိုင်တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံသာများ မိမိဆန္ဒ အရ သြသြော် ဆွဲခြင်း၊ ဟွန်းတီးခြင်းတို့ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ကွက်တားမြစ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိ အရာရှိတစ်ဦးက News Watch သို့ ဇူလိုင် ၉ ရက်နေ့ တွင် ပြောသည်။

“သြသြော်ဆွဲဖို့ ကန့်လည်း မကန့်ကွက်ဘူး။ တားလည်း မတားမြစ်ဘူး။မိမိ ရဲ့ ဆန္ဒ အရလုပ်နိုင်တယ်။ သြသြော် ဆွဲခြင်းလည်း နေ၊ မဆွဲခြင်းလည်း နေ။ မိမိရဲ့ သဘောသဘ၀ အတိုင်းပဲ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ အန်တီတို့လည်း နိုင်ငံသားတစ်ယောက်နေနဲ့ ဗိုလ်ချုပ်ကြီးကိုလေးစားတယ်။ခွင့်ပြုဖို့ ၊ကန့်ကွက်ဖို့ဆိုတဲ့ တစ်ခြားဘာမှ သဘောထားထုတ်ပြန်ဖို့မရှိပါဘူး။” ဟု ၄င်းကဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ပုဂ္ဂိုလ်များလုပ်ကြံခံရကာ ကျဆုံးခဲ့ရသည့် ဇူလိုင် လ ၁၉ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၃၇ မီနစ် တွင် မြန်မာ နိုင်ငံသူ၊နိုင်ငံသားတို့မှာ ၀မ်းနည်း၊ကြေးကွဲ သည့်အထိမ်းအမှတ်ဖြင့် ရထားသြသြော်ဆွဲခြင်း၊ ကားဟွန်းတီးခြင်းများ ၁ မီနစ်ခန့်ပြုလုပ်မှုများ ယခင် မဆလ အစိုးရ လက်ထက်တွင် ပြုလုပ်ခဲ့ပြီးနောက် န၀တ အစိုးရ တက်လာသည့်အချိန်တွင် ယင်းကဲ့သို့ ပြုလုပ်မှုများပပျောက်ခဲ့ပြီးနောက် ယင်းနေ့တွင် ရထားသြသြော်ဆွဲခြင်းများ၊ ကားဟွန်တီးခြင်းများပြုလုပ်ပါက အရေးယူမှုများပြုလုပ်ခဲ့သည်။ယခုတွင် အစိုးရသစ် သက်တမ်း ကုန်ခါနီအချိန်ရောက်မှ တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အာဇာနည်နေ့ကိုလည်း ဂုဏ်ပြုဖို့အတွက် အန်တီတို့က သေသေချာချာ ခမ်းခမ်းနားနား လုပ်ပေးမယ်။အဲ့ဒီအတွက်လည်း ကြိုတင်ပြီး အစည်းအဝေးထိုင်ပြီး လုပ်နေပါတယ်။အန်တီတို့က အာဇာနည်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဆောင်ပြီးတော့ ဂုဏ်ပြုပန်းခွေချမယ်လေ။အဲ့ဒါ အန်တီတို့ ဂုဏ်ပြုတာပါ။ဒီနှစ်လည်း ဂုဏ်ပြုဖို့အစီအစဉ် ရှိပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိ အရာရှိတစ်ဦးက News Watch သို့ ဇူလိုင် ၉ ရက်နေ့ တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျှက်ရှိသည့် ယာဉ်လိုင်းများအနေဖြင့်လည်း အာဇာနည်နေ့တွင် ၁မီနစ်ခန့် ကားဟွန်းတီးကာ မိမိရောက်ရှိသည့် နေရာတွင် ရပ်တန့် အလေးပြုမည်ဖြစ်ကြောင်း ယာဉ်မောင်းများကဆိုသည်။

“တိုင်းဒေသကြီးအစိုးရ အဖွဲ့က အခုလို ခွင့်ပြုပေးတော့ ၀မ်းသာစရာပေါ့ဗျာ ။ ကျွန်တော်တို့က တကယ်လို့ ခွင့်မပြုခဲ့ရင်တောင် မိမိရဲ့ အသိစိတ်ဓါတ် နဲ့ ကားဟွန်းတီးပြီး အလေးပြုဖို့ အစီအစဉ် ရှိပြီးသားပါ။ မနှစ်ကလည်း ဟွန်းတီးပြီး အလေးပြုခဲ့ပါတယ်။ ဟု ယာဉ်မောင်းတဦးက ဆိုသည်။”

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment