နယူးယောက် ဇူလိုင် ၁၉
စနေနေ့က ကယ်လီဖိုးနီးယားပြည်နယ် မိုဒက်စတိုမြို့ရှိ အိမ်တစ်လုံး၌ ကလေးသုံးဦးအပါအဝင် လူသေအလောင်း ငါးလောင်းတွေ့ရှိခဲ့ကြောင်း၊ သေဆုံးမှုနှင့်ပတ်သက်သည့်ပုဂ္ဂိုလ်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ရဲအဖွဲ့ကပြော သည်။
သေဆုံးသူများ၏အသက်အရွယ်နှင့်သေဆုံးရသည့်အကြောင်းရင်းကို မိုဒက်စတိုရဲများက အသေးစိတ်ဖော်ပြခြင်း မရှိပေ။ ရဲပြောရေးဆိုခွင့်ရှိသူ ဟီသာဂရေ့က သေဆုံးသူများမှာ ကလေးသုံးဦးနှင့် အရွယ်ရောက်ပြီးသူ နှစ်ဦးဖြစ်ကြောင်း ပြောသည်။
အမှုနှင့်ဆက်နွှယ်သည့်ပုဂ္ဂိုလ်၏အမည်၊ အသက်၊ ယာဉ်နှင့်လိုင်စင်နံပါတ်တို့ကို တွစ်တာနှင့်ဖေ့ဘွတ်ခ်စာမျက် နှာများတွင် စုံထောက်များက ရှာဖွေဖော်ထုတ်ခဲ့ပြီး စုံစမ်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ မိုဒက်စတိုမြို့သည် ဆန်ဖရန်စစ္စကိုအရှေ့ဘက်မိုင် ၁ဝဝ ခန့်အကွာ ကယ်လီဖိုးနီးယားမြောက်ဘက်ပိုင်း တွင် တည်ရှိသည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:
Post a Comment