Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 15, 2015

(၁၃)နှစ်အရွယ်ကလေးကို ဝိုင်းဝန်းရိုက်သတ်ပြီး ဖေ့စ်ဘုတ်တင်သူများ အဖမ်းခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်လတ်မြို့တွင် (၁၃)နှစ်အရွယ်ကလေးတစ်ဦးကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်သတ်ကာ ဖေ့စ်ဘုတ်တင်ခဲ့သူများကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စကိုင်းသတင်းဌာနက ယနေ့ဖော်ပြသည်။

အဆိုပါကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ ၆၄ ချက် ရှိခဲ့ပြီး ဦးနှောက်ကိုထိခိုက်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရိုက်နှက်သူများထဲမှ တစ်ဦးက မိုဘိုင်းလ်ဖုန်းဖြင့် ၂၈မိနစ်ကြာ ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘုတ်တင်ခဲ့ခြင်းဖြစ်သည်။

ကလေးငယ်သည် အော်ဟစ်အကူအညီတောင်းခံခဲ့သော်လည်း လူသတ်သမားများက အော်ဟစ်ရယ်မောကာ သရော်နေကြသည်ကိုလည်း ဗီဒီယိုထဲတွင် တွေ့ရသည်။

အဆိုပါကလေးကို ကုန်တင်စက်ဘီးတစ်စီးခိုးယူရန် ကြိုးစားမှုဖြင့် လူကြီးများက ဝိုင်းဝန်းရိုက်သတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် လမ်းများပေါ်တွင်တရားဥပဒေ စိုးမိုးရေးအတွက် ဒေသခံများ ထောင်ချီ၍ဆန္ဒပြခဲ့ကြကြောင်းလည်းသိရသည်။ အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး လူကြီးလေးဦးကို တရားစွဲထားသည်။

The Union Daily

No comments:

Post a Comment