CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 15, 2015
ဇနီးဖြစ်သူ နေအိမ်မှဆင်းသွားသဖြင့် အဆိပ်သောက်၍ သေကြောင်းကြံစည်သူ အမျိုးသားအား သက်ဆိုင်ရာမှ အရေးယူ
မကွေးမြို့နယ် သပြေရိုး ကျေးရွာတွင် ဇူလိုင် ၁၂ ရက်က အမျိုးသား တစ်ဦး မိမိကိုယ်ကို အဆိပ်သောက် သေကြောင်း ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း မကွေး မြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီ ၂၅ မိနစ်က မကွေးမြို့ သင်ကြားရေး ဆေးရုံကြီးတွင် အဆိပ်သောက်သော လူနာတစ်ဦး ရောက်ရှိ လာကြောင်း ဖုန်းဖြင့် အကြောင်းကြား ချက်အရ မကွေးနယ်မြေ ရဲစခန်းမှ ဒုတိယရဲအုပ် ဝင်းဇော်လွင် သွားရောက် စစ်ဆေး ခဲ့ခြင်းဖြစ်သည်။
အဆိပ်သောက် သူမှာ အောင်ကျော်မိုး ၂၆ နှစ် ၊ သပြေရိုး ကျေးရွာ ဆားတိုင်ကန် အုပ်စု မကွေးမြို့နယ် နေသူဖြစ်ပြီး ၄င်းသည် ဇူလိုင် ၈ ရက်တွင် ဇနီးဖြစ်သူ နှင့် စကားများ ခဲ့ပြီးနောက် ဇနီးဖြစ်သူမှာ နေအိမ်မှ ဆင်းသွား ခဲ့သောကြောင့် သီးနှံပင်များ ပိုးသတ်သည့် ပါရာဆိုက် ၅ဝ၅ အီးစီ ပိုးသတ် ဆေးရည်ကို သောက်ပြီး တစ်ရွာတည်းနေ ၄င်း၏ အစ်မဖြစ်သူ မမိုးခိုင် ထံ ၄င်း အဆိပ်သောက် မိကြောင်း ဖုန်းဖြင့် ပြောခဲ့၍ မမိုးခိုင် မှသွားကြည့်စဉ် အောင်ကျော်မိုး မှာ ဆေးပုလင်းနှင့် အတူ လဲကျ နေသည်ကို တွေ့ရှိရ၍ သင်ကြားရေး ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေကြောင်း အမှုစစ် ရဲအရာရှိ၏ စစ်ဆေးချက် အရ သိရသည်။
ထိုဖြစ်စဉ်နှင့် ပက်သက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည်သူ အောင်ကျော်မိုး ကို ဒုတိယရဲအုပ် ဝင်းဇော်လွင် က တိုင်ကြားခဲ့ သဖြင့် မကွေးမြို့နယ် မြို့မရဲစခန်းမှ ပုဒ်မ ၃ဝ၉ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။ (ခင်မမဇော်)
PyiChitThar
ဇနီးဖြစ်သူ နေအိမ်မှဆင်းသွားသဖြင့် အဆိပ်သောက်၍ သေကြောင်းကြံစည်သူ အမျိုးသားအား သက်ဆိုင်ရာမှ အရေးယူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment