CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 27, 2015
ကျပ်(၅)ဘီလျှံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်ရာမှာ အသုံးပြုစပ်ဆက်ပစ္စည်းများဖမ်းဆီးရမိ
ကျပ်(၅)ဘီလျှံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်ရာမှာ အသုံးပြုစပ်ဆက်ပစ္စည်းတွေကို တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုထဲက နေအိမ်နဲ့ ရာဘာခြံဝန်းအတွင်းမှာ ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက မိုင်းကိုးကျေးရွာအုပ်စု မယ်လိပါကော်(အပေါ်)ရွာက ဖါးဖါရဲ့ နေအိမ်နဲ့ ရာဘာခြံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိတဲ့အတွက် ၀င်ရောက် စီးနင်းရှာဖွေရာကနေ စိတ်ကြွဆေးပြားတွေနဲ့ ဆေးပြား ထုတ်လုပ်တဲ့ စက်အပါအ၀င် ဆက်စပ်ပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းရမိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ ၀င်ရောက်စီးနင်းရှာဖွေရာမှာ ဖါးဖါ အပါအ၀င် ဂမ်ရှဲန်၊ အားထူ စတဲ့ (၃)ဦးကို ဖမ်းဆီးရမိခဲ့ပြီး နေအိမ်နဲ့ ရာဘာခြံအတွင်းကနေ စိတ်ကြွဆေးပြား ၁ သိန်း ၈သောင်း ၅ ထောင်ကျော်၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၉၃ ကီလိုကျော်၊ မက်အက်ဖီတမင်း(အိုက်စ်) (၉)ကီလို၊ ဘိန်းဖြူ (၁၆)ကီလိုနဲ့ ကဖင်း (၂၄၈)ကီလို၊ စိတ်ကြွဆေးပြား ရိုက်စက် (၁)စုံ၊ လုပ်သေနတ် (၁)လက် နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ တခြား ဆက်စပ်ပစ္စည်းစုစုပေါင်း (၂၃)မျိုးအပြင် မော်တော်ယာဉ်(၁)စီးနဲ့ ဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့တာပါ။ အမှုနဲ့ ပက်သက်တဲ့သူ ၃ ဦးကို ဖမ်းဆီး အရေးယူနေ တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ကိုဇက်
DVB TV News
ကျပ်(၅)ဘီလျှံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်ရာမှာ အသုံးပြုစပ်ဆက်ပစ္စည်းများဖမ်းဆီးရမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 27, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment