Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ကျောင်းသားများနှင့် ကာမဆက်ယှက်သည့် ဆရာမ ထောင်ဒဏ် ချမှတ်ခံရ


 အမေရိကန်နိုင်ငံ ယူတားပြည်နယ်ရှိ ဒေးဗီးစ်အထက်တန်းကျောင်းမှ ဘရိုင်ယန်အောလ်တစ်ဆိုသူ ဆရာမသည် အသက် ၁၆ နှစ်အရွယ် ကျောင်းသား တဦး၊ အသက် ၁၇ နှစ်အရွယ် ကျောင်းသား နှစ်ဦးတို့နှင့် ကာမဆက်ယှက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။


ဘရိုင်ယန်အောလ်တစ်သည် တရားရုံးတွင် ငိုကြွေး၍ သူမနှင့် ကျုးလွန်ခဲ့သူ ကျောင်းသာများကို တောင်းပန်စကားဆိုခဲ့သည်။ အသက် ၃၆ နှစ်အရွယ် အောလ်တစ်သည် သူမ၏အမှု စတင်ပေါ်ပေါက်ခဲ့စဉ် အာမခံဖြင့် လွတ်မြောက်နေစဉ်ကာလအတွင်း၌ပင် အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦးနှင့် ကာမဆက်ဆံမှု ဆက်လက်ရှိနေခဲ့သဖြင့် ဇန်န၀ါရီလက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အောလ်တစ်သည် သူမ၏မိသားစုတွင်း လူရာသွင်းမခံရသဖြင့် သိမ်ငယ်နေသူဖြစ်ပြီး စိတ်ဓါတ်ပျက်ပြားကာ လူငယ်များနှင့် ချစ်ကြိုက်မိရန် စိတ်အလိုလိုက်မိသူဖြစ်သည်ဟု သူမ၏ ရှေ့နေကပြောကြားသည်။


တရားခွင်တွင် ငိုကြွေးကာ ပြစ်မှုကျုးလွန်ခံရသူများကို တောင်းပန်စကားဆိုခဲ့သည်။ သူမသည် အနှိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် မှ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၃၀ နှစ် ကျခံရဖွယ်ရာရှိသည်။ သို့ရာတွင် အောလ်တစ်သည် အမြင့်ဆုံးပြစ်ဒဏ် ကျခံရနိုင်ခြေ နည်းပါးကြောင်း သိရသည်။

“ကျမဟာ လူသားပါ။ ကျမဘ၀ရဲ့ ထိလွယ်ရှိလွယ် အဖြစ်ဆုံးအချိန်တွေမှာ ကျမ တလွဲတွေ လုပ်မိခဲ့ပါတယ်”ဟု အောလ်တစ်က တရားရုံးသို့ ပြောခဲ့သည်။

“ရှင့်ကြောင့် ကျမသား ရှင်စိတ်ကူးလို့မရနိုင်လောက်အောင် ထိခိုက်ခဲ့ရတယ်။ ရှင်ဟာ ဒီကလေးတွေအားလုံးကို ထိခိုက်စေခဲ့တယ်”ဟု အသက် ၁၆ နှစ်အရွယ် ကျောင်းသား၏ မိခင်က ပြောသည်။

AP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment