CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 12, 2015
ကြက်ဥလိုနူးညံ့တဲ့ ဦးနှောက်ပိုင်ရှင် ကလေး ကျန်းမာလာ
အမြဲတမ်းပြုံးနေ၊ ရယ်နေတတ်တဲ့ ၁၈လသား ကလေးငယ်လေး Owen James ဟာ ဦးနှောက်ဖွဲ့စည်းပုံမမှန်တဲ့ ဒုက္ခကြီးကို ကျော်လွန်နိုင်ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဘာပြဿနာမှမဖြစ်ခဲ့တဲ့နောက်၊ ကျန်းမာတဲ့ကလေးတစ်ယောက်လို့ ထင်ရတဲ့ Owen လေးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ များမကြာမီမှာပဲ သူဟာ ကသိကအောက်ဖြစ်လာခဲ့ပြီး ပုံမှန်မဟုတ်တော့ဘူး ဆိုတာကို မိဘဖြစ်သူတွေက သိရှိလာခဲ့ရပါတယ်။
Owenလေး သုံးလအရွယ်ရောက်တော့ သူ့မှာ ရှားရှားပါးပါး ဦးနှောက်ဖွဲ့စည်းပုံမမှန်တာကို တွေ့ခဲ့ရတာပါ။ Owenလေးရဲ့ ရောဂါတော့ Lissencephaly ဖြစ်ပြီး ပျော့ပြောင်းတဲ့ ဦးနှောက်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါဟာ ရှားရှားပါးပါးဖြစ်ပြီး အနောက်ဥရောပတစ်ခွင်မှာ တစ်ဒါဇင်လောက်ပဲ ခံစားရသူရှိပါတယ်။
Owenလေးဟာ မြင်နိုင်မှာမဟုတ်၊ လမ်းလျှောက်နိုင်မှာမဟုတ်၊ စကားပြောနိုင်မှာမဟုတ်၊ ခံစားချက်ကိုပြသနိုင်မှာ မဟုတ်လို့ မျှော်လင့်ထားရန် သူ့မိဘတွေကို ဆရာဝန်တွေကပြောခဲ့ပါတယ်။ အသက်ရှင်နိုင်နှုန်းကလည်း ၁၀ရာခိုင်နှုန်းထိကို ထိုးဆင်းသွားခဲ့တာပါ။
“Owenဟာ ဒီရောဂါဖြစ်ပြီးနောက်ပိုင်း သူ့နာမည်ဟာ ‘အသက်ငယ်ငယ် သူရဲကောင်း’ လို့ အဓိပ္ပါယ်ရှိတာကို ရှာဖွေတွေ့ရှိခဲ့ရပြီး ဒီလိုနာမည်ပေးခဲ့တာ သူ့အတွက် အံကိုက်ဖြစ်သွားတယ်။ သူဟာ တကယ့်ကို အသက်ငယ်ငယ် သူရဲကောင်းလေးပါ။” လို့ မိခင်ဖြစ်သူ Mrs DiCandilo ကပြောပြခဲ့ပါတယ်။
ခုတော့ Owen ဟာ ဘေးဒုက္ခတွေကို ပြင်းပြင်းထန်ထန်ခုခံရင်း ကုထုံးတွေရဲ့ကျေးဇူးနဲ့ နေ့စဉ်နေ့တိုင်း ပြုံးပျော်နေနိုင်ကြောင်း သိရှိရပါတယ်။
( Skyler ) - သစ်ထူးလွင်
Ref : Dailymail
ကြက်ဥလိုနူးညံ့တဲ့ ဦးနှောက်ပိုင်ရှင် ကလေး ကျန်းမာလာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment