![]() |
| မူလာ အိုမာကို အများရှေ့မှာ မမြင်ရတာ အတော်ကြာနေခဲ့။ |
အာဖဂန် အစိုးရနဲ့ ထောက်လှမ်းရေး အင်ဂျင်စီ ထိပ်ပိုင်းကနေ ပေါ်ထွက်လာတဲ့ အဲဒီ သတင်းတွေ အရ တာလီဘန် ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ် လောက် ကတည်းက သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မူလာ အိုမာ သေဆုံးသွားပြီ ဆိုတဲ့ သတင်းမျိုးတွေ အရင်ကလည်း ထွက်ပေါ် ခဲ့ဖူးပေမယ့် အခု အသစ် ထွက်လာတဲ့ သတင်းတွေကို ပိုပြီး အရေးတယူ ဆောင်ရွက် နေကြတာပါ။ တာလီဘန် ဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မနှစ်က ရွေးကောက် ခံခဲ့ရတဲ့ အာဖဂန် အစိုးရသစ်ဟာ တာလီဘန် အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပါတယ်။
အာဖဂန်နဲ့ တာလီဘန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရာ နိုင်ငံဖြစ်တဲ့ ပါကစ္စတန် နိုင်ငံက လုံခြုံရေး အရာရှိ တစ်ဦးကတော့ အဲဒီ သတင်းတွေဟာ ဆွေးနွေးမှုတွေကို မတည်မငြိမ် ဖြစ်အောင် လုပ်ကြံ ထုတ်လွှင့်နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese

No comments:
Post a Comment