CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 4, 2015
တင်နက်ဆီပြည်နယ်အရှေ့ပိုင်းတွင် ကုန်ရထား တွဲချော် မီးလောင် လူ ၅ဝဝဝ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ
မာရီဗီးလ် ဇူလိုင် ၃
မီးလောင်လွယ်ပြီး အဆိပ်အတောက် ဖြစ်စေနိုင်သော ဓာတ်ငွေ့များ သယ်ဆောင်လာသည့် ကုန်ရထားတစ်စင်းသည် ဇူလိုင် ၂ ရက် ညဥ့်လယ်ပိုင်းက အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ်အရှေ့ပိုင်းတွင် လမ်းချော် မှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ရာ ကားတစ်စီးပါ ကူးစက်လောင်ကျွမ်းခဲ့ ပြီး အန္တရာယ်ဖြစ်နိုင်သော ဓာတ်ငွေ့များ ပျံ့နှံ့ထွက်ပေါ်မှုကြောင့် လူ ၅ဝဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း၊ လူ ၂၅ ဦးအား ဆေးရုံတင်ကုသပေးခဲ့ရကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မာရီဗီးလ်မြို့အနီး ဘလွန်စီရင်စု တွင် ဇူလိုင် ၂ ရက် ညဥ့်လယ်ပိုင်းက အဆိုပါ ကုန်ရထားလမ်းချော်မှု ဖြစ်ပွားပြီးနောက် အနီးဝန်းကျင်ရှိ လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်း ဌာနများမှ လူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ အဆိုပါကုန်ရထားမှာ စီအက်စ်အိက်စ် ကော်ပိုရေးရှင်းပိုင် ရထားဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။
စီအက်စ်အိက်စ်ကော်ပိုရေးရှင်းနှင့် အမေရိကန်ရထားလုပ်ငန်းမှ ယင်းကုန်ရထားတွဲ လမ်းချော်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေကြောင်း၊ အမေရိကန် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေး အေဂျင်စီကလည်း အခင်းဖြစ်ပွားရာဒေသ၏ လေထုအရည်အသွေးကို စောင့်ကြည့် မှတ်တမ်းတင်နေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းဖြစ်သူ လူ ၂၅ ဦးအား ကုသပေးခဲ့ပြီး ဒေသစံတော်ချိန် ည နေ ၅ နာရီခွဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုခဲ့ကြောင်း၊ အခြား ၂၇ ဦးမှာမူ အထူးသီးသန့်ခန်းတွင် ထားရှိကာ ၎င်းတို့ကို နာရီများစွာစောင့်ကြည့်ရန် လိုအပ်ကြောင်း ယင်းဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
တင်နက်ဆီပြည်နယ်အရှေ့ပိုင်းတွင် ကုန်ရထား တွဲချော် မီးလောင် လူ ၅ဝဝဝ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment