Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

အသက် ၁၁၂ နှစ်ရှိ ကမ္ဘာ့အသက်ကြီးဆုံး ဂျပန်အဖိုးအို ကွယ်လွန်


 အသက်ရာကျော်ရှည်တဲ့ ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ဂျပန်အဖိုးအို Sakari Momoi အသက် ၁၁၂ နှစ်ဟာ တနင်္ဂနွေနေ့က ဂျပန်နိုင်ငံမှာ သေဆုံးသွားခဲ့ပါတယ်။

သားသမီး ၅ ယောက်ရဲ့ ဖခင်ဖြစ်သူ အထက်တန်း ကျောင်းဆရာဟောင်း မစ္စတာ Momoi ဟာ ကျောက်ကပ်ရောဂါနဲ့ စောင့်ရှောက်ရေးဂေဟာမှာ သေဆုံးခဲ့တာ
ဖြစ်ပါတယ်။

သူ့ကို အသက်အကြီးဆုံး အမျိုးသားကြီးအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လမှာ Guinness World Records က ချီးမြှင့်လွာ ပေးအပ်ခဲ့ပါတယ်။

မစ္စတာ Momoi ကို Fukushima မြို့မှာ ၁၉၀၃ ခုနှစ်က မွေးဖွားခဲ့ပြီး သူဟာ ကျောင်းဆရာဘ၀ကနေ သူနေထိုင်ရာဒေသနဲ့ Saitama မြို့က ကျောင်းတွေမှာ အထက်တန်းကျောင်းအုပ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူဟာ ခရီးသွားနဲ့ စာဖတ်ဝါသနာပါပြီး အထူးသဖြင့် တရုတ်ကဗျာတွေကို ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ အသက်အကြီးဆုံးနဲ့ အမျိုးသမီး အသက်အကြီးဆုံးဖြစ်တဲ့ အသက် ၁၁၇ နှစ် အရွယ် ဂျပန်အဖွားအို Misao Okawa ဟာလည်း ပြီးခဲ့တဲ့ ဧပြီလက သေဆုံးခဲ့ပါတယ်။

အခု အဲဒီအဖွားအိုနေရာမှာ အသက် ၁၁၆ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်က Susannah Mushatt Jones က ဆက်ခံ ရရှိထားပါတယ်။

မစ္စတာ Momoi ရဲ့ နေရာမှာတော့ ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားကို Guinness က ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment