နယူးဒေလီ ၊ ၂၈-၇-၂ဝ၁၅
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ် ရှိ ရဲစခန်း တစ်ခုကို ဇူလိုင် ၂၇ ရက်တွင် အကြမ်းဖက် သမားများဟု ယူဆရသည့် သေနတ်သမား များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် အနည်းဆုံး ၈ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေနတ်သမား ငါးဦးသည် စစ်ဘက် ယူနီဖောင်း များကို ဝတ်ဆင်ထားပြီး ပြန်ပေးဆွဲ လာသည့် မော်တော်ယာဉ် တစ်စင်းဖြင့် ပန်ဂျပ်ပြည်နယ် ဒီနာနဂါခရိုင် ရှိ ရဲစခန်းသို့ ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြောကြားသည်။
ထို့နောက် အခင်း ဖြစ်ပွားရာသို့ စစ်ဘက် အထူးကွန်မန်ဒို တပ်ဖွဲ့များ ရောက်ရှိလာပြီး ရဲစခန်းရှိ လူနေတန်းလျား များကို ထိန်းချုပ် ထားသည့် သေနတ်သမား များကို ပြန်လည် ပစ်ခတ်ခဲ့ရာ အပြန်အလှန် တိုက်ခိုက်မှု အတွင်း ရဲတပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးခဲ့ကြောင်း နယူးဒေလီ ရုပ်သံ၏ ထုတ်ပြန်ချက် အရ သိရသည်။
ထို့အပြင် မီးရထားလမ်း ပေါ်တွင် ထောင်ထားသည့် ဗုံးငါးလုံးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် မီးရထား ဆက်သွယ်ရေး လမ်းကြောင်း များကို ခေတ္တရပ်တန့် ခဲ့ကြောင်း သိရသည်။
ယခု ဖြစ်ပွားသည့် တိုက်ခိုက်မှု သည် မည်သည့် အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကို မသိရ သေးကြောင်းနှင့် အသေးစိတ် ကို ဆက်လက် စုံစမ်းလျက် ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
#PyiChitThar


No comments:
Post a Comment