Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 8, 2015

မေ၀ယ်သာ ၀ယ်လ်တာဝိတ်တန်းသရဖူ ပြန်သိမ်းခံရ


အမေရိကန် လက်ဝှေ့သမား မေဝယ်သာသည် မကြာသေးမီက ဖိလစ်ပိုင်လက် ဝှေ့သမား မန်နီပက်ကွီအိုကို အ နိုင်ထိုး၍ ရရှိခဲ့သော WBO ဝယ်လ် တာဝိတ်တန်းသရဖူ ရုပ်သိမ်းခြင်းခံလိုက်ရသည်။

မေဝယ်သာ (၃၈) နှစ် သည် ဇူလိုင် ၃ ရက် နောက်ဆုံး သတ်မှတ်ထားသည့် သရဖူကာ ကွယ်ပွဲ ကြီးကြပ်ခ ဒေါ်လာ နှစ် သိန်းကို WBO အဖွဲ့ထံသို့ ပေး သွင်းခဲ့ခြင်း မရှိ၍ ထိုသို့ ရုပ်သိမ်း ခံရခြင်းဖြစ်သည်။

မေဝယ်သာသည် အခြား ဝိတ်တန်း သရဖူများကိုလည်း လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့ ကြောင်း WBO ကဆိုပြီး လက် ဝှေ့သမား တစ်ဦးသည် တူညီ သည့် ဝိတ်တန်းသရဖူများသာ ကိုင်စွဲထားပိုင်ခွင့် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းသည် WBA နှင့် WBC ဂျုနီယာမစ်ဒယ်ဝိတ် သရဖူများ ကို စွန့်လွှတ်မည်ပြောသော်လည်း မစွန့်လွှတ်ခဲ့ကြောင်း ပြောကြား သည်။

၎င်းသည် ပက်ကွီအိုကို နိုင် ပြီးနောက် ရရှိထားသော သရဖူ များအား စွန့်လွှတ်တော့မည်ဖြစ် ကြောင်း ပြောခဲ့သော်လည်း မစွန့် လွှတ်ခဲ့ပေ။

၎င်းသည် လက်ရှိတွင် WBA နှင့် WBC ဝယ်လ်တာဝိတ်တန်း သရဖူများကို ကိုင်စွဲထားပြီး လာ မည့် ဇူလိုင် ၂၀ ရက်အထိ အဖွဲ့ ချုပ်၏ ဆုံးဖြတ်ချက်ကို အယူခံ ဝင်ခွင့်ရမည်ဖြစ်သည်။

မေ၀ယ်သာသည် စက်တင် ဘာ ၁၂ ရက်တွင် သရဖူကာ ကွယ်ပွဲ တစ်ပွဲထိုးရန် မျှော်မှန်း ထားသော်လည်း ပြိုင်ဘက်ကို မရွေးချယ်ရသေးပေ။

WBO သည် လစ်လပ်သွား သည့် ဝယ်လ်တာဝိတ်တန်း သရဖူ လုရန် ဘရက်ဒလေနှင့် ဂျက်ဆီ ဗားဂတ်စ်တို့ပွဲကို ဇွန်လ ၂၇ ရက် တွင် စီစဉ်ပေးခဲ့ပြီး ထိုစဉ်ကနိုင် ခဲ့သည့် တင်မိုသီ ဘရက်ဒလေ က WBO သရဖူရဖွယ်ရှိသည်။

7daydaily

No comments:

Post a Comment