Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန် - သြစတြေးလျ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတွင် ဂျပန်ပါဝင်





ဆစ်ဒနီ ၊ ၆-၇-၂၀၁၅

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုင်နက် အငြင်းပွားမှု ဆိုင်ရာ တင်းမာမှုများ မြင့်တက်နေစဉ် ဇူလိုင် ၅ ရက်က ပြုလုပ်သော အမေရိကန် နှင့် သြစတြေးလျ နိုင်ငံတို့၏ နှစ်နှစ်တစ်ကြိမ် ကျင်းပမြဲ ဖြစ်သည့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် ပထမဆုံး အကြိမ် ပူးပေါင်းပါဝင် ခဲ့ကြောင်း သိရသည်။

ရက်သတ္တ နှစ်ပတ် ကြာမြင့်မည့် Talisman Sabre 2015 အမည်ရှိ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းကို သြစတြေးလျနိုင်ငံ ကွင်းစလန်း ပြည်နယ်နှင့် မြောက်ပိုင်း နယ်မြေများတွင် ပြုလုပ်ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံတို့မှ တပ်ဖွဲ့ဝင် ၃ဝဝဝဝ ကျော် ပါဝင် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်တွင် ပြီးဆုံးမည့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် ၄ဝ ဦးခန့်သည် အမေရိကန် တပ်ဖွဲ့တွင် ပါဝင်သွားမည် ဖြစ်ပြီး နယူးဇီလန်နိုင်ငံမှ တပ်ဖွဲ့ဝင် ၅ဝဝ ကျော်လည်း ပါဝင်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား ပိုင်နက်အတွင်း ကျွန်းတုများနှင့် အဆောက်အအုံများ တည်ဆောက်လျက် ရှိပြီး တျောင်းယုကျွန်း နှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှု အငြင်းပွား နေခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment