Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

ယောက်ျားလေးသီးသန့် ပါတီပွဲတစ်ခုမှာ မိန်းကလေးလို ၀တ်စားရာမှ နှစ်သက်သွားပြီး လိင်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တဲ့ စစ်သားတစ်ယောက်



အသက် (၃၁) နှစ် ရှိပြီ ဖြစ်တဲ့ Darren Gormley ဟာ အီရတ် စစ်မြေပြင်ကို ၂လ စစ်မှုထမ်းပြီး အသက် 
(၁၇)နှစ် အရွယ်ကတည်းက စစ်တပ်ထဲကို ၀င်ခဲ့တဲ့ စစ်သားတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ ယောက်ျားလေးသီးသန့်ပါတီမှာ မိန်းကလေးအသွင် ၀တ်စားဆင်ယင်
ခဲ့ခြင်းဟာ သူ့ဘ၀ကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။

အိမ်မှာလည်း မိန်းကလေးတစ်ယောက်လို ၀တ်စားကြည့်ရတာကို သဘောကျလာပြီး သူ့ဘ၀လက်ကျန်ကို 
မိန်းကလေးတစ်ယောက်အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခုဆို သူဟာ အ၀တ်အစား ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေးဖို့ တဖြည်းဖြည်းကြိုးစားနေပါတယ်။ 
လိင်ပြောင်းလဲမှု ပြုလုပ်ဖို့ကိုလည်း စောင့်ဆိုင်းလျက် ရှိပါတယ်။

သူ့နာမည်ကိုလည်း Danielle လို့ ပြောင်းလိုက်ပါပြီ။ သူမက ပြောပါတယ်။

"အပြင်ပန်းအရ ကြည့်မယ်ဆိုရင်တော့ ကျွန်မဟာ ကာယလေ့ကျင့်ခန်းတွေ လုပ်တဲ့၊စစ်တပ်ကို ကြိုက်တဲ့
 ယောက်ျားတစ်ယောက်ပါ ။ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင် အဖြစ် သူငယ်ချင်းရဲ့ ပါတီမှာ မိန်းကလေးလို 
ဝတ်ဆင်လိုက်တဲ့ အခါ ကျွန်မ သေချာ တွေးမိတာကတော့ အမြဲတမ်း မိန်းမတစ်ယောက်လိုပဲ ခံစားနေ
ရပေမယ့် ကျွန်မကိုယ် ကျွန်မ လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိနေခဲ့တယ်ဆိုတာ သိလာခဲ့ပါတယ်။"

" ဒါပေမယ့် ကျွန်မရဲ့ အမွှေးအမှင်တွေနဲ့ ကြွက်သားတွေ ရှိနေလျက်တောင် ကျွန်မက မိန်းမသားဆန်ပါတယ်။
 အဲဒီ့ ပါတီည က အိမ်သာထဲကို ကျွန်မ ၀င်သွားတော့ သူစိမ်းတွေက ကျွန်မကို တကယ့် မိန်းကလေး
 တစ်ယောက်လို့ ထင်ကြပြီး ယောက်ျားလေးတစ်ယောက်မှန်း မသိခင်မှာ " ဟေ့၊ အချစ်ကလေး " လို့ စ
 နောက် ကြပါတယ်။ "

Danielle ဟာ ငယ်စဉ်ကတည်းက မိန်းကလေးလို နေချင်စိတ် ဖြစ်ခဲ့ပေမယ့် ဆယ်ကျော်သက်အရွယ်မှာ
 ယောက်ျားလေး တစ်ယောက် အဖြစ် ကြိုးစား နေထိုင်ခဲ့ပြီး အခုလို အသက် ၃၁ နှစ်အရွယ်ရောက်မှ 
မိန်းကလေးလို ဆက်လက် နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ 

Danielle ဟာ လန်ဒန်မှာရှိတဲ့  Charing Cross Gender Identity Clinic ကို ဖေဖော်ဝါရီလ က 
သွားပြီးနောက်မှာ မိန်းမ တစ်ယောက်အဖြစ် အသိအမှတ် ပြုခံခဲ့ရပါတယ်။

အခုဆို Danielle က လိင်ပြောင်းလဲ ခွဲစိတ်မယ့် နေ့ကို စောင့်နေရင်း UncannyDani ဆိုတဲ့ ဘလော့ဂ်မှာ
 လိင်ပြောင်းလဲသူများအတွက် သူမရဲ့ အကြံဥာဏ်များကို ရေးသားလျက်ရှိပါတယ်။

( TMW )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment