၂၄.၅.၂၀၁၆ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက် (၃)လမ်းနှင့်
(၄)လမ်းကြားတွင်မွေးကင်းစယောကျာင်္းလေးတစ်ဦး အား အိမ်သာကျင်းဟောင်း အမှိုက်ပုံတွင် လာရောက် စွန့်ပစ်သွားပါသည်။
ကလေးငယ်အား ယခုအခါ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံတွင် ဆေးကုသမှုခံယူလျှက် ရှိပါသည်။ထို့ကြောင့် ကလေးငယ်လေးအတွက် လိုအပ်သည်များကို ကုသိုလ်ပြု လှုဒါန်းနိုင်ကြပါရန် အသိပေးအပ်ပါသည်။
ကျွန်မတို့ မိသားစုမှလည်း ကလေးအတွက် လိုအပ်သော အနှီး နို့မှုန့် နို့ဗူး အင်္ကျီ ဘောင်းဘီ သေးခံ ခြင်ထောင် ဖက်လုံး စောင် သဘက် ရေချိုးဆပ်ပြာ ကလေးပေါင်ဒါ စုစုပေါင်း တန်ဖိုး ကျပ် တစ်သိန်း နှစ်သောင်းဖိုးကို လှူဒါန်းပေးခဲ့ပါတယ်။
စကာင်္ပူနိုင်ငံရှိ ကိုမျိုးကိုကိုသက် ကလည်း စင်ကာင်္ပူဒေါ်လာ (၅၀)ကို လှူဒါန်းကုသိုလ် ပါဝင်ခဲ့ပါတယ်။
နောင်ဘဝဆက်တိုင်း မိဘရဲ့ စွန့်ပစ်မှုမှ ကင်းပြီး လုံခြုံနွေးထွေးတဲ့ မိဘ ရင်ခွင်မှာ ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သားလေးရေ.....Lili Khine
Mie Mie Naing Oo
via Lwin Oo







No comments:
Post a Comment