CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 25, 2015
Facebook account မလိုဘဲ Facebook Messenger အသုံးပြုနိုင်မည်
Facebook Messenger ကို ယနေ့မှစတင်ကာ သုံးစွဲမည့်သူများသည် Facebook account တစ်ခုရှိရန်မလိုဘဲ အသုံးပြုနိုင်တော့မည် ဖြစ်သည်။
Facebook Messenger ကို စတင်သုံးစွဲမည့်သူများသည် email လိပ်စာတစ်ခု ထည့်သွင်းရန် မလိုအပ်တော့ဘဲ နာမည်၊ ဖုန်းနံပါတ်နှင့် ဓာတ်ပုံတစ်ပုံ ထည့်သွင်းရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
“ဒီ update ဟာ လူအများက Messenger ပေါ်မှာ ရနိုင်တဲ့ photos, videos, group chats, voice calling, video calling, stickers စတာတွေ အပါအဝင် feature အားလုံးကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။
၎င်းအပြောင်းအလဲသည့် လစဉ်သုံးစွဲသူ သန်း ၇၀၀ ရှိသည့် Messenger အနေဖြင့် Facebook သုံးရန်ဆန္ဒမရှိသော သုံးစွဲသူအသစ်များကို ပိုမိုရရှိလာစေမည် ဖြစ်သည်။
Facebook account မလိုဘဲ Messenger သုံးနိုင်မည့် အစီအစဉ်ကို အမေရိကန်၊ ကနေဒါ၊ ပီရူးနှင့် ဗင်နီဇွဲလား နိုင်ငံများ၌ စတင်မည်ဖြစ်သည်။
Ref: TheVerge
Credit'အင်တာနက်ဂျာနယ်
Facebook account မလိုဘဲ Facebook Messenger အသုံးပြုနိုင်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 25, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment