Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 19, 2015

အိမ်ခြေမဲ့များ အတွက် ကားဟောင်းအိမ်




ဟာဝိုင်အီကျွန်းမြို့မှာ ကားဟောင်းကို အိမ်ခြေမဲ့များ အတွက် အိမ်အဖြစ် ဖန်တီး
အမေရိကန် ပြည်ထောင်စု၊ အာဝိုင်အီ ကျွန်းမြို့ဟာ ကမ္ဘာမှာ နာမည်ကြီးတဲ့ မြို့လေး တစ်မြို့ပါ။ အဓိကကတော့ အပန်းဖြေရန် နာမည်ကြီးတဲ့ မြို့ပေါ့။ ဒါပေမယ့် ဆင်းရဲပြီး နေစရာ မရှိအောင်ကို ဆင်းရဲတဲ့ အိမ်ခြေမဲ့များလည်း ရှိပါတယ်။
ဒါကြောင့်မို့ မြို့ရဲ့ ဆောက်လုပ်ရေး အင်ဂျင် တစ်ဦးမှ ဟာဝိုင်အီကျွန်းရှိ တစ်ချိန်တုန်းက သုံးတဲ့ ဘတ်စ်ကားဟောင်းများကို ရွှေ့ပြောင်းအိမ် အဖြစ် ဖန်တီးရေး ကမ်းလှမ်းစာကို မြို့တော်ဝန်သို့ တင်ပြရာ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။
၁၉၉၀ လောက်ကတည်းက အသုံးပြုကြတဲ့ ကျောင်းကြိုပို့ ဘတ်စ်ကားနဲ့ အများသုံး ဘတ်စ်ကားများကို အိမ်အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ပထမဆုံး ခြေလှမ်း အနေနဲ့ ကား ငါးစီးကို ဒီနှစ် အတွင်း ပြောင်းလဲမှာ ဖြစ်ပါတယ်။
ကားများမှာ အိမ်ခြေမဲ့များကို နေထိုင်နိုင်ရန် ဖန်တီးပေးထားပါတယ်။ ကားထဲမှာ အိပ်စရာ ကုတင်များ ထားရှိပေးထားပါတယ်။ ဒါ့အပြင် ကားထဲမှာပဲ အိမ်သာ၊ ရေချိုးခန်းများ ထည့်သွင်းပေးထားပါတယ်။
ကားပေါ်မှာ နေခွင့် ရသူများ အနေနဲ့ အလကား နေရမှာ မဟုတ်ပါဘူး။ သူတို့ကို စီးပွားရေး လုပ်ကိုင်လို့ရအောင် ကားဖြင့် ရွှေ့လျား သစ်သီးဆိုင် ထားရှိပေးစေမှာ ဖြစ်ပါတယ်။
ကားဟာ ရောက်တဲ့ နေရာမှာ ရပ်ပြီးတော့ သစ်သီးဆိုင်ကို ကားဘေးနားမှာ ခင်းထားလို့ရပါတယ်။ အဲ့ကျရင် ကားပေါ်မှာ လိုက်ပါသူများက ရောင်းချပေးရမှာပါ။
ဒါကြောင့်မို့ ကားဟာ ရွှေ့လျား သွားလာလို့ ဈေးရောင်းချနိုင်ပြီး အိမ်ခြေမဲ့များကိုလည်း အလုပ်အကိုင် ရရှိစေမှာ ဖြစ်ပါတယ်။
ယင်း ပရောဂျက်ကို အမေရိကန်ရှိ အခြားသော မြို့များမှာပါ ကျင့်သုံးနိုင်အောင် Group 70 International အမည်က အဖွဲ့က ကြိုးပမ်းမှာ ဖြစ်ပါတယ်။
ယင်း အဖွဲ့ဟာ ဟာဝိုင်အီကျွန်းမှာ ယခုလို ဖြစ်လာဖို့ ငွေကြေး လှူဒါန်းထားတဲ့ အဖွဲ့ ဖြစ်ပြီး အခြားသောမြို့တွေမှာပါ ပြုလုပ်နိုင်အောင် လှူဒါန်းမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment