Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

အယ်လ်လာဟာဘတ်မြို့၌ လေ့ကျင့်မှုပြု လုပ်နေသော တိုက်လေယာဉ် တစ်စင်းပျက်ကျ

Jaguar crash: And one more goes down. The math behind IAF’s fighters


အယ်လ်လာဟာဘက် ၊ ၁၈-၆-၂၀၁၅

အိန္ဒိယနိုင်ငံ အယ်လ်လာဟာဘတ်မြို့ နိုင်နီဒေသ၌ Jaguar အမျိုးအစား တိုက်လေယာဉ် တစ်စင်းသည် ပျံသန်းမှု လေ့ကျင့်ခန်း ပြုလုပ်နေစဉ် ဇွန် ၁၆ ရက် နံနက်ပိုင်းက ရွာတစ်ရွာ၏ ကွင်းပြင် အတွင်းသို့ ပျက်ကျခဲ့ရာ လေယာဉ်မှူး နှစ်ဦးစလုံးမှာ အသက် ရှင်လျက် လွတ်မြောက် ခဲ့ကြောင်း၊ ထိုကဲ့သို့ တိုက်လေယာဉ် ပျက်ကျမှုသည် ယခုနှစ် အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်း တာဝန်ရှိ သူများ၏ ဇွန် ၁၇ ရက် ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လေယာဉ်သည် လုပ်ရိုးလုပ်စဉ် ပျံသန်း လေ့ကျင့်မှု ပြုလုပ်ရန် အတွက် ဒေသ စံတော်ချိန် နံနက် ၇ နာရီ ၂၅ မိနစ်တွင် ဘမ်ရာဟူလီ လေတပ်စခန်း မှ ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး နံနက် ၈ နာရီ ၄၇ မိနစ်တွင်
မန်ဒီချက်ခ် ကျေးရွာ၏ နေအိမ်များ အကြားရှိ ကွင်းပြင် အတွင်းသို့ ပျက်ကျ ခဲ့ချိန်တွင် လေယာဉ်မှူး များသည် လေယာဉ်အတွင်းမှ အချိန်မီ ခုန်ထွက်နိုင် ခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ထားသည်။

အဆိုပါ လေယာဉ် ပျက်ကျမှုနှင့် စပ်လျဉ်း၍ မည်သည့် အထိအခိုက် သို့မဟုတ် ပြင်းထန်သော ဒဏ်ရာရရှိမှု ကိုမျှ ထုတ်ပြန် ထားခြင်း မရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ လေယာဉ်သည် မြေပြင်နှင့် မထိခင်တွင် တစ်ထပ်အိမ် တစ်လုံး၏ ခေါင်မိုးနှင့် ပွတ်တိုက်မိ ခဲ့ခြင်းကြောင့် အိမ်အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment