ချိန်းထားတာ အမြဲနောက်ကျ တတ်သူလား။ နောက်ကျတတ်သော သူငယ်ချင်းများကြောင့် စိတ်တို ဒေါသထွက် နေရပါသလား။ ထိုသို့ ဖြစ်ရခြင်းမှာ လူတစ်ဦးချင်း ပင်ကိုယ် အရည်အသွေးကြောင့် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ် ပြောကြားလိုက်သည်။ အချို့လူများသည် အလုပ်တစ်ခုကို မည်မျှ ကြာကြာလုပ်ရမည်၊ မည်သည့် အချိန်မှာ ပြီးနိုင်သည်ကို မှန်ကန်စွာ မတွက်ချက်တတ်သော ကိုယ်ရေကိုယ်သွေးကြောင့် အမြဲလိုလို နောက်ကျမှပြီးကာ ချိန်းထားလျှင်လည်း နောက်ကျမှ ရောက်လာ တတ်သည်ဟု ပညာရှင်များက ဆိုလိုက်သည်။
အေးအေးသက်သာ လုပ်တတ်သူများမှာ အဓိက နောက်ကျတတ်သူများဖြစ်ပြီး ရည်မှန်းချက်ကို အလေးထားတတ် သူများသည် မဆိုင်းမတွ လုပ်တတ်သူများဖြစ်ကြောင်း လေ့လာမှုများအရ သိရသည်။
အလုပ်ပြီးမြောက်ရန် ကြာချိန်ကို လျှော့တွက်ခြင်းမှာ ကိုယ်ရေကိုယ်သွေးနှင့် သက်ဆိုင်သည်။ လေ့လာမှုများအရ အလုပ် အလျှင်အမြန် ပြီးမြောက်အောင် လုပ်ဆောင်တတ်ပြီး ရည်မှန်းချက်ကို အလေးထားသည့် အေအုပ်စုဝင် လူစားများမှာ အချိန်တိကျပြီး ချိန်းထားသည့်အချိန် ရောက်အောင် လာနိုင်ကြသည်။ အေးအေးသက်သာ အလုပ် လုပ်တတ်သည့် ဘီအုပ်စုဝင်လူများက နောက် ကျလေ့ရှိကြောင်း သိရသည်။
အေအုပ်စုဝင်များက တစ်မိနစ်လျှင် (၅၈)စက္ကန့်နှုန်းဖြင့် စိတ်မှာ ခန့်မှန်းတတ်ကြပြီး ဘီအုပ်စုဝင်များက (၇၇) စက္ကန့်နှုန်းဖြင့် ခန့်မှန်းကြသည်။ တစ်ကယ့် အရှိတရား တစ်မိနစ်ကိုပင် စိတ်မှန်းဖြင့် ခန့်မှန်းရာတွင် ယင်းတို့ကြား (၁၉)စက္ကန့်စာမျှ ကွာဟနေခြင်းကို ကြည့်ရုံဖြင့် ဘီအုပ်စုသမားများသည် လုပ်ကိုင်ရာတွင်လည်း ခပ်လေးလေး ရှိကြပြီး နောက်ကျတတ်ကြခြင်း ဖြစ်သည်။
Source: Daily Mail
http://www.messengernewsjournal.com/General/Eventure/detail.php?id=38252
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 19, 2015
ပင်ကိုယ်အရည်အသွေးက အချိန်မတိကျခြင်းနှင့် ဆက်စပ်မှုရှိနေ
ပင်ကိုယ်အရည်အသွေးက အချိန်မတိကျခြင်းနှင့် ဆက်စပ်မှုရှိနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 19, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment