မြန်မာအမျိုးသမီးများအား ဖမ်းဆီး ချုပ်နှောင်ခဲ့သော ဂျပန်နိုင်ငံသားကို ယုဇန တာဝါတွင် ဆက်လက်နေထိုင်ခွင့်မပြုရန် အာ ဏာပိုင်အဖွဲ့အစည်းများက ညွှန်ကြားထား ကြောင်း ယုဇနတာဝါစီမံခန့်ခွဲရေးကော်မတီမှ သတင်းရရှိသည်။
-
၂၀၁၁ မှစတင်ကာ ယုဇနတာဝါရှိ တိုက် ခန်းများတွင် ငှားရမ်းနေထိုင်သော ဂျပန်နိုင်ငံ သားသည် ပတ်ဝန်းကျင်ကို စိတ်အနှောင့်အ ယှက်ဖြစ်စေခြင်း၊ အန္တရာယ်ရှိသည့် အပြုအမူ များပြုမူခြင်းတို့ကြောင့် ဗီဇာသက်တမ်းကုန်ဆုံး ချိန်တွင် ဆက်လက်နေထိုင်ခွင့်မပြုရန် အကြောင်းကြားထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
-
‘‘ဗဟန်းမြို့နယ်ထဲမှာ တည်းခိုနေထိုင်ခွင့်မပြုဖို့နဲ့ ဧည့်စာရင်း မပေးဖို့ လာပြောကြတယ်။ လော လောဆယ် ဧည့်စာရင်းမပေးဖို့ လာပြောတယ်။ အဲဒီဂျပန်ရဲ့ ဗီဇာ သက်တမ်းက အခုလ ၂၁ ရက်ဆို ပြည့်ပြီ။ ဒီနေ့အထိ သူ့ကို တွေ့ သေးတယ်။ ၂၁ ရက်ကျော်တာနဲ့ သူ့ကိုတွေ့ရင် အကြောင်းကြားဖို့ လာပြောထားတယ်’’ဟု တာဝန်ရှိ အာဏာပိုင်များက လာရောက် ပြောကြားထားကြောင်း ယုဇနတာ ၀ါ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။
-
ဂျပန်နိုင်ငံသား Mr. Koji Matsukawa နှင့် ပတ်သက်၍ ယုဇနတာဝါ စီမံခန့်ခွဲရေးကော်မ တီက ဇန်န၀ါရီလတွင် သက်ဆိုင် ရာအာဏာပိုင်အဖွဲ့အစည်းများ ကို တိုင်ကြားထားပြီး ဇွန်လ ၁၁ ရက်ကလည်း ဖမ်းချုပ်ခံထားရ သည့် အမျိုးသမီး တစ်ဦးသည် တတိယထပ်မှ ခုန်ချထွက်ပြေးရန် ကြံစည်မှုထပ်မံဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံသားကို သက်ဆိုင်ရာ က သတိထားလာမိခြင်းဖြစ်သည်။
-
‘‘ပထမအကြိမ် ဗီဇာကုန် တုန်းကလည်း ဘန်ကောက်ကို ဒီနေ့ထွက် မနက်ဖြန် ပြန်ရောက် လာတာပဲ။ ဘယ်လိုမှလည်း အ ရေးယူတာမရှိခဲ့ဘူး။ အခုတော့ သူ့ကို နေခွင့်မပေးတော့ဘူးလို့ တော့ ပြောတာပဲ။ ဧည့်စာရင်း မပေးဖို့ ပြောတယ်။ ပြည်နှင်ဒဏ် ပေးမယ်လည်း ပြောတယ်။ ဘယ် လိုဆက်ဖြစ်မယ်ဆိုတာတော့ မသိသေးဘူး’’ဟု ယုဇနတာဝါတွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောသည်။
-
ဂျပန်နိုင်ငံသားသည် ယုဇန တာဝါတွင် တိုက်ခန်းများငှားရမ်း ထားပြီး eX Myanmar Co., Ltd. အမှုဆောင်အရာရှိချုပ်အဖြစ် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကာ ပြည့်တန်ဆာများ ခေါ်ယူ ပျော်ပါးပြီးနောက် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အိမ်အကူမိန်းကလေးအား ရိုက်နှက်နှိပ်စက်ခြင်း၊ ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေခြင်းတို့ကြောင့် ယုဇနတာဝါစီမံခန့်ခွဲရေးကော်မတီက သက်ဆိုင်ရာ အာဏာပိုင်များထံသို့ တိုင်ကြားထားခြင်း ဖြစ်သည်။
=======
7 day
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 20, 2015
အမျိုးသမီးများအား ချုပ်နှောင်ခဲ့သော ဂျပန်နိုင်ငံသားကို ဗီဇာသက်တမ်းကုန်လျှင် ဆက်နေခွင့်မပြုရန် ညွှန်ကြား
အမျိုးသမီးများအား ချုပ်နှောင်ခဲ့သော ဂျပန်နိုင်ငံသားကို ဗီဇာသက်တမ်းကုန်လျှင် ဆက်နေခွင့်မပြုရန် ညွှန်ကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 20, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment