မိဘများအမြင်တွင် အလွန်ရိုးသားစွာနေထိုင်သည့် သားတစ်ဦးဖြစ်နေပြီး ဘွဲ့ရပညာတတ်တစ်ဦးဖြစ်ကာ ဂိမ်းဆော့ဖ်ဝဲများ ရေးနေသည်ဟု ထင်မြင်ခြင်းခံထားရသူ အသက် ၃၁ နှစ်အရွယ် ရော့စ် ဦးဘရစ်ခ်ျသည် အွန်လိုင်းပေါ်တွင် မူးယစ်ဆေးရောင်း ချသည့် ရာဇာတစ်ဦးဖြစ်နေသည်ကို နောက်ကျမှ မိဘများ သိခဲ့ရကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။
ဦးဘရစ်ခ်ျသည် Silk Road ဆိုသည့် Website တစ်ခုကို ထူထောင်ပြီးနောက် မူးယစ်ဆေးများကို ရောင်းချနေသူ တစ်ဦးဖြစ်သလို၊ ငွေမည်းပေါင်းများစွာကိုလည်း ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုဖြစ်သည့် Bitcoins ဖြင့် ခဝါချပေးနေသူ တစ်ဦးဖြစ်ကြောင်း အစိုးရရှေ့နေက ပြောကြားသည်။
ထို့ပြင် သူသည် အလွန်ကြောက်စရာကောင်းသူတစ်ဦးဖြစ်ကြောင်း၊ စီးပွားရေးပြိုင်ဘက်များကို လူငှားပြီးသတ်ခိုင်းခဲ့သည် အထိ ပြစ်မှုများ ကျူးလွန်ခဲ့သော်လည်း မိဘများကမူ အိမ်ထဲတွင်နေပြီး အလွန်ရိုးသားသော သားလိမ္မာလေးတစ်ဦးကဲ့
သို့ နေထိုင်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။
ဦးဘရစ်ခ်ျသည် အလွန်ကြောက်စရာကောင်းသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သောကြောင့် မေလအတွင်းက အမေရိကန် တရားရုံးသည် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။
မိဘများက သူသည် သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာသူဖြစ်နေမှန်း အစိုးရက ဖော်ထုတ်မှ သိရကြောင်း၊ သူတို့သားတွင် ကားတစ်စီးကိုပင် ဝယ်စီးနိုင်ခြင်းမရှိကြောင်း ပြောကြားသည်။
သူသည် မိဘများအိမ်အနီးတွင် စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ရိုးသားစွာ နေထိုင်ခဲ့သော်လည်း အမေရိကန် တရားရုံးက ကြောက်စရာအကောင်းဆုံး အွန်လိုင်းမူးယစ်ရာဇာတစ်ဦးအဖြစ် စွပ်စွဲကာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
Maukkha.ORG
http://maukkha.org/index.php/news-menu/international-news-maukkha/7853-2015-06-24-02-23-28
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 24, 2015
ဂိမ်းဆော့ဖ်ဝဲရေးသူဟုထင်သော်လည်း အွန်လိုင်းမူးယစ်ရာဇာဖြစ်နေမှန်း မိဘများနောက်ကျမှသိ
ဂိမ်းဆော့ဖ်ဝဲရေးသူဟုထင်သော်လည်း အွန်လိုင်းမူးယစ်ရာဇာဖြစ်နေမှန်း မိဘများနောက်ကျမှသိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment