စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ မလေးရှားနဲ့ အရှေ့တီမောပွဲစဉ်မှာ လုပ်ပွဲကစားခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့တဲ့အတွက် အရှေ့တီမောအသင်း မန်နေဂျာ အပါအ၀င် ၄ ဦးကို တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။
စွဲဆိုဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ စင်ကာပူနိုင်ငံသားတဦး၊ တီမောဘောလုံးအသင်းနည်းပြ၊ ကစားသမားနဲ့ အင်ဒိုနီးရှားနိုင်ငံသားတို့ ဖြစ်ပါတယ်။
လုပ်ပွဲကစားဖို့အတွက် တီမောဘောလုံးအသင်း နည်းပြလည်းဖြစ်၊ တီမောဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာလည်းဖြစ်တဲ့ အော်လန်ဒို မားကွိစ်ဟင်းရစ် မန်ဒက်ဇ်ကို စင်ကာပူနိုင်ငံသား လောင်းကြေးဒိုင်က စင်ကာပူဒေါ်လာ ၁၅၀၀၀ ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒီစွဲဆိုမှုကို တီမောနည်းပြက ငြင်းဆိုထားပေမယ့် အထောက်အထားတွေအရ တီမောနည်းပြနဲ့ စင်ကာပူနိုင်ငံသားတို့ ကလပ်တခုမှာ မေ ၂၈ ရက်က တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
မေ ၃၀ ရက်မှာ ငွေလက်ခံမှုနဲ့ တီမောနည်းပြကို စွဲဆိုခဲ့သလို တခြား ၂ ဦးကိုလည်း အမှုမှာ ပါဝင်ပတ်သက်မှုနဲ့ စွဲဆိုထားပါတယ်။
ဒီကိစ္စအတွက် စင်ကာပူက အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဗျူရိုက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အရှေ့တီမောအသင်းက စုံစမ်းစစ်ဆေးမှုတွေကို အကူအညီ ပေးနေတယ်လို့ ဆိုပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်စီ) ကလည်း အရှေ့တီမောအသင်း မန်နေဂျာကို ဘောလုံးရေးရာကိစ္စတွေမှာ ပါဝင်ပတ်သက်ခွင့်မပြုတဲ့ ပွဲပယ်ပြစ်ဒဏ်လည်း ချမှတ်ထားပါတယ်။
မလေးရှားနဲ့ အရှေ့တီမောပွဲမှာ မလေးရှားက ၁ ဂိုး ဂိုးမရှိရဖို့ လောင်းကစားဒိုင်တဦးက ချဉ်းကပ်ပြီး အခုလို လုပ်ပွဲဖြစ်အောင် ဆွဲဆောင်ခဲ့တာပါ။
ဇွန် ၅ ရက် တရားရုံးမှာ ဆင့်ခေါ်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/95697
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 5, 2015
ဆီးဂိမ်းဘောလုံးပွဲ လုပ်ပွဲကစားမှုဖြင့် လူ ၄ ဦးကို တရားစွဲ
ဆီးဂိမ်းဘောလုံးပွဲ လုပ်ပွဲကစားမှုဖြင့် လူ ၄ ဦးကို တရားစွဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment