Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 19, 2015

မဟာချိုင်၌ ပရဟိတ မြန်မာ စာသင်ကျောင်းကို ရဲဝင်ဖမ်းဆီး

ထိုင်းနိုင်ငံ မဟာချိုင် အုန်းနွဲ့အရပ်က ဖက်ကဆင် ၉၅ လမ်းရှိ ချမ်းမြေ့ပါစေ ပရဟိတ မြန်မာ စာသင် ကျောင်းကို ဇွန်လ ၁၆ ရက်က ထိုင်းရဲများမှ ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ရာ စာသင်ကြားပေးနေ သည့် မြန်မာဆရာမ တစ်ဦးနှင့် ကျောင်းအကျိုးဆောင် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသည့် ဆရာမ နှင့် ကျောင်းအကျိုးဆောင် နှစ်ဦးကို မြန်မာသံရုံး အလုပ်သမားကူညီရေး မဟာမိတ်ကော်မတီအဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့ပြီး အာမခံချက်ဖြင့် ဆရာမဖြစ်သု မနှင်းဖြူဖွေးမှာ ပြန်လည်လွတ်မြောက်လာသည်။

ပတ်စပို့စ်၊ အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ ကျောင်းအကျိုး ဆောင်နှစ်ဦးကို အလုပ်နေရာ လွဲမှားမှုဖြင့် တစ်ဦးလျှင် ဘတ် ၁၆၀၀ ဒဏ်ရိုက်၍ အဖမ်းခံရပြီး နှစ်ရက် အကြာတွင် ပြန်လည်လွတ် မြောက်လာခဲ့ကြသည်။

ချမ်းမြေ့ပါစေ စာသင်ကျောင်းသည် ကျောင်းပရဟိတလူငယ်အသင်းသား ၃၀ က တစ်လလျှင် တစ်ဦး ကို ဘတ် ၆၀၀ မြန်မာကျပ်ငွေအားဖြင့် နှစ်သောင်းကျော် စုပေါင်းမတည်၍ ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက် က စတင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါကျောင်းသည် မဟာချိုင် အုန်းနွဲ့တွင် အလုပ်လုပ်ကိုင် နေကြသည့် ရွှေ့ပြောင်း မြန်မာအလုပ် သမားများ၏ ၃ နှစ်မှ ၄ နှစ်အရွယ် ကလေးများကို မြန်မာစာသင် ကြားပေးသည့် ပရဟိတ စာသင် ကျောင်း ဖြစ်သည်။

ရဲဝင်ဖမ်းဆီးသည့်နောက်ပိုင်း ကျောင်းကို ယာယီပိတ်ထားလိုက်ပြီး တရားဝင် စာသင်ကျောင်း ဖွင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မယ်လို့ မြန်မာသံရုံး အလုပ်သမားကူညီရေး မဟာမိတ် ကော်မတီအဖွဲ့က ဧရာဝတီကို ပြောသည်။

မဟာချိုင်တွင် ပရဟိတ မြန်မာ စာသင်ကျောင်းများ နှင့် ရပ်ကွက်ရှိ မြန်မာဈေးဆိုင်များကို ယခုရက်ပိုင်း နေ့စဉ်ဆက်တိုက် ထိုင်းအာဏပိုင်များမှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဓာတ်ပုံ - ရဲမင်း (RTF)
ဧရာဝတီ

No comments:

Post a Comment