ကလေးလေးကို ကား အက်ဆီးဒန့် ဖြစ်တဲ့ လယ်ကွင်းကို ခေါ်သွားလို့ ရှုခင်းပြနေတာ မဟုတ်ပါဘူး။ ကား အက်ဆီးဒန့်ထဲကနေ တစ်ဦးတည်းသော ဒဏ်ရာမရ၊ အသက်မသေ ကျန်ခဲ့တဲ့ ကလေးငယ်လေးကို ကယ်ဆယ်ရေးရဲ့ ပွေ့ချီလို့ အာရုံပြောင်း ချော့သိပ်နေပုံသာ ဖြစ်ပါတယ်။
-
ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ပြည်ထောင်စု၊ ကိုလိုရာဒို ပြည်နယ်က လမ်းမကြီး တစ်ခုမှာ အက်ဆီးဒန့် ဖြစ်ပါတယ်။ SUV မိသားစုကားကို ဖခင်ဖြစ်သူ မောင်းနှင်လာပြီး အကွေ့မှာ အရှိန် မထိန်းနိုင်ပဲ လယ်ကွင်းထဲသို့ လိမ့်လို့ ထိုးကျသွားပါတယ်။ ဝမ်းနည်းစရာကတော့ ကားထဲမှာ ဘယ်သူမှ ထိုင်ခုံ ကားပတ် ပတ်မထားပါဘူး။ ဖခင်ဖြစ်သူ ပွဲချင်းပြီး သေပါတယ်။ မိခင်ဖြစ်သူနဲ့ သားသမီး ၃ ဦးမှာ မိခင်နဲ့ သားသမီး နှစ်ဦးက အရေးပေါ်ခန်းသို့ ဟက်စကီးနဲ့ သယ်ဆောင် ပေးခဲ့ရပြီး စကားအနည်းငယ်သာ ပြောတတ်ရှာသေးတဲ့ ကလေးငယ် တစ်ဦးကတော့ ဘာ ဒဏ်ရာမှ သိပ်မရပဲ ကျန်ခဲ့ပါတယ်။
-
ဒါပေမယ့် ကလေးငယ်လေးရဲ့ မျက်လုံးမှာရော၊ စိတ်ထဲမှာရော အကြောက်တရားတွေ လွမ်းမိုးလျက် ရှိပါတယ်။ ကယ်ဆယ်ရေး တပ်ဖွဲ့ ရောက်လာပြီး ရဲတစ်ဦးမှ ကလေးငယ်ကို ကားထဲကနေ ပွေ့ချီထုတ်ပါတယ်။ ကလေးငယ်လေး အငိုတိတ်အောင် ချော့ပါတယ်။ ပြီးတော့ ကလေးငယ်ရဲ့ အကြည့်ကို ကားဘက်မှာ ရှိမနေတော့အောင် အခြားသော တိမ်တိုက်နဲ့ လယ်ကွင်းများကို လက်ညိုး ထိုးပြလို့ ချော့သိပ်ပေးခဲ့ပါတယ်။
-
ကလေးငယ်လေး အသက်ရှင်ကျန်အောင်လည်း မိခင်မှ ကြိုးစား ကာကွယ်ပေးခဲ့ပုံ ရပါတယ်။ မိခင်နဲ့ ကျန် ကလေး ၂ ဦးကတော့ အသက်ရှင်မလား၊ သေမလား သေချာ မသိသေးပါဘူး။ လယ်ကွင်းမှာ ကလေးကို ချီလို့ လက်ညိုးထိုးပြနေတဲ့ ဓာတ်ပုံလေးကတော့ အင်တာနက်မှာ ဝမ်းနည်းစဖွယ် ဖြစ်သကြောင့် နာမည်ကြီးခဲ့ပါတယ်။
============
အောင်ခမ်း (ရိုးရာလေး)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
အက်ဆီးဒန့်ကနေ အာရုံလွဲအောင် ကလေးကို ချော့သိပ်ခဲ့
အက်ဆီးဒန့်ကနေ အာရုံလွဲအောင် ကလေးကို ချော့သိပ်ခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment