Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 21, 2015

မင်္ဂလာမန္တလေးစီမံကိန်း ဟိုတယ်ရေကူးကန် လုပ်ငန်းခွင်တွင် သံငြမ်းပြိုကျ တစ်ဦးသေ၊ နှစ်ဦး ပိတ်မိနေဆဲ

မန္တလေးမြို့တွင် ဇွန် ၂၀ ရက်က မင်္ဂလာမန္တလေး အိမ်ရာစီမံကိန်းအတွင်းရှိ ပူးလ်မန်းဟိုတယ် ရေကူးကန်ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကွန်ကရစ်လောင်းစဉ် သံငြမ်းပြိုကျမှုဖြစ်ပွားရာ ပိတ်မိနေသူတစ်ဦးကို ကယ်ဆယ်ရေး လုပ်သားများက ကယ်ထုတ်နေစဉ်
Byဖြိုးဖြိုးဇော်ချမ်းဇော်အောင်
မန္တလေးမြို့ရှိ မင်္ဂလာ မန္တလေး စီမံကိန်း အတွင်းရှိ ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သံငြမ်းပြိုကျရာ နောက်ဆုံးပိတ် မိနေသူ  သုံးဦးထဲမှတစ်ဦး၏ရုပ်အ လောင်းကို အခင်းဖြစ်ပွားပြီး ၇နာ ရီကျော် 
အကြာ(ည ၈ နာရီ ၄၀ မိနစ်)တွင် အပြင်သို့ထုတ်နိုင်ခဲ့ပြီး နှစ်ဦးမှာ ပိတ်မိနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင် နေသူများက ည ၁၁နာရီဝန်းကျင် တွင် ပြောသည်။
ကျန်ပိတ်မိနေသူ နှစ်ဦးထဲမှ အသက်ရှင်လျက်ရှိနေသူ တစ်ဦး ကို ကယ်ထုတ်နိုင်ရန်ကယ်ဆယ် ရေးလုပ်ကိုင်နေသူများက ဦးစား ပေးလုပ်ကိုင်လျက်ရှိသော်လည်း ည ၁၁ နာရီဝန်းကျင်အထိ ကယ် ထုတ်နိုင်ခြင်းမရှိသေးပေ။ ကျန် တစ်ဦးမှာ ငြမ်းများအောက်ပိမိနေ ကာ အသံလည်းမထွက်၊ လှုပ် လည်း မလှုပ်တော့၍ သေဆုံးနေ ပြီဟုယူဆရကြောင်း ကယ်ဆယ် ရေးလုပ်ကိုင်နေသူများက ယမန် နေ့ (ဇွန်လ၂၀ရက်)ည ၁၁ နာရီတွင် 7 Day Daily သတင်းစာသို့ ပြောသည်။
အသက်ရှင်လျက်ရှိနေသူ အား ဦးစားပေးကယ်တင်ရန် ကြိုး ပမ်းနေသူကို ခက်ခက်ခဲခဲ ကယ် ထုတ်နေရသည့်အတွက် ၎င်းအ သက်ရှုနိုင်ရန် အောက်ဆီဂျင်ပေး ထားကြောင်းလည်း ၎င်းတို့က ဆက်လက်ပြောသည်။

ဓာတ်ပုံ − ပြည့်စုံအောင်/အီးပီအေ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ လေယာဉ်ကွင်းဟောင်းအရှေ့ဘက်မြို့သစ် အကွက်(၁)ရှိ စည်ပင်သာယာပိုင်မြေ ၄၇ဧကပေါ်တွင် အမေရိကန် ဒေါ်လာသန်းတစ်ရာကျော် ရင်းနှီးမြှုပ်နှံကာ တည်ဆောက်နေသည့် မင်္ဂလာမန္တလေးစီမံကိန်းမှ အထပ် ၁၂ ထပ် တည်ဆောက်မည့် ပူးလ်မန်း (Pullman) ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဟိုတယ်ရေကူးကန်အတွက် ကွန်ကရစ်လောင်းနေစဉ် ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်က အောက်ခံသံငြမ်းပြိုကျ၍ လုပ်ငန်းခွင်အတွင်းမှ အလုပ်သမား ၂၀ ဦးခန့် ပိတ်မိခဲ့ခြင်းဖြစ်ကြောင်းRegal Hospi−tality Co., Ltd မှ ဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။

ဓာတ်ပုံ − ပြည့်စုံအောင်/အီးပီအေ
အခင်းဖြစ်ပွားချိန်တွင် သံ ငြမ်းအောက်၌  လုပ်ငန်းခွင်ဝင် နေသော လက်သမားများ ပိတ်မိ နေခဲ့ခြင်းဖြစ်ပြီး အပေါ်မှ ကွန်ကရစ်လောင်းသော ပန်းရန်သမားများ မှာ အနည်းငယ်သာ ဒဏ်ရာရရှိ ခဲ့ပြီး ပိတ်မိခဲ့ခြင်းမရှိကြောင်း သ တင်းရရှိသည်။
 သံငြမ်းပြိုကျမှုကြောင့် အ လုပ်သမား ၁၄ ဦးသည် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကု သမှု ခံယူလျက်ရှိပြီး ငါးဦးမှာ မန္တလေး ခုတင် ၃၀၀ ဆံ့ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည်။

ဓာတ်ပုံ − ပြည့်စုံအောင်/အီးပီအေ
‘‘ကျွန်တော်တို့ ပထမတစ် ခေါက်ပို့ထားတုန်းကတော့ ကိုးဦး ပို့ခဲ့တယ်။ တစ်ယောက်ကတော့ သေနေလောက်ပြီ။ ထုတ်လို့မရ သေးဘူး’’ဟု ကယ်ဆယ်ရေးလုပ် ကိုင်နေသော ကြက်ခြေနီတပ်ဖွဲ့ ဝင်တစ်ဦးက ညနေပိုင်းတွင်ပြော   သည်။
ပြိုကျသွားသည့် သံငြမ်းများ အတွင်း  အလုပ်သမား  ၃  ဦး ခန့်သည် ည ၈ နာရီခန့်အထိ ပိတ်မိနေပြီး တစ်ဦးမှာ သတိမရ၍ သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ခြင်း မရှိသေးကြောင်း ချမ်းမြသာစည်မြို့နယ်မှူး ရဲမှူးမြင့်ဇော်က ည ၈နာရီခွဲဝန်းကျင်တွင်ပြောသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ကို မီးသတ်၊ ကြက်ခြေနီ၊ မြို့ခံလူ မှုရေးအသင်းအဖွဲ့အချို့၊ ဆရာ ၀န်များ စသည်တို့က ပူးပေါင်း လုပ်ကိုင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ − ပြည့်စုံအောင်/အီးပီအေ
ပူးလ်မန်းဟိုတယ်ကိုဆောက် လုပ်ရာတွင် CAD၊ New Star Light နှင့်ဉာဏ် ဆောက်လုပ်ရေးတို့က အပိုင်းလိုက် တာဝန်ယူဆောက်နေခြင်းဖြစ်ပြီး ဉာဏ် ဆောက်လုပ်ရေးက တာဝန်ယူ ဆောက်လုပ်သည့် အခြမ်းမှ ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း Regal Hospitality ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဇင်မင်းဆွေကပြောသည်။
အဆိုပါ သံငြမ်းပြိုကျရခြင်း မှာ အောက်ခံမြေသား ကျွံခြင်း ကြောင့်လည်းကောင်း၊ သံငြမ်းက လစ်ချောင်ခြင်းကြောင့် လည်း ကောင်း၊ အပေါ်ဝိတ်များလွန်း ခြင်းကြောင့် လည်းကောင်း ပြိုကျ သွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဉာဏ် ဆောက်လုပ်ရေးမှစီမံကိန်းမန်နေ ဂျာ ဦးကိုကိုဇော်က ပြောသည်။
 ‘‘ကျွန်တော်တို့  နိုင်ငံမှာ ကျွမ်းကျင်တဲ့ နည်းပညာက သစ်  သားပိုင်းဆိုင်ရာမှာ အရမ်းကျွမ်း ကျင်ကြတယ်။ သံချောင်းနဲ့ဆင် တဲ့ အပိုင်းကျမှ ဖြစ်သွားတယ်။ အဓိက Steel Structure မှာ ငြမ်းဆင်တဲ့ ဒီဇိုင်းလိုတာပေါ့။ မ ဖြစ်မနေ ငြမ်းဒီဇိုင်းပိုင်းဆိုင်ရာမှာ မဖြစ်မနေ လိုအပ်လာပြီလို့ မီး မောင်းထိုးပြလိုက်တဲ့ သဘောမျိုး ပါပဲ’’ဟု ဦးဇင်မင်းဆွေကသုံးသပ် ပြောကြားသည်။
မင်္ဂလာမန္တလေး စီမံကိန်း ဒုတိယ အဆင့်တွင် ပူးလ်မန်းဟို တယ်၊ မင်္ဂလာကွန်ဒို၊ မင်္ဂလာ အော့ဖစ်တာဝါ၊ အိမ်ရာစီမံကိန်း များ ပါဝင်မည်ဖြစ်ပြီးစီမံကိန်းတစ် ခုလုံးကို ၂၀၁၆ နှစ်ကုန်တွင် ပြီးစီး နိုင်ရန် ရည်ရွယ်တည်ဆောက်နေ ခြင်းဖြစ်သည်။

No comments:

Post a Comment