CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 24, 2015
ဘီကီနီမိန်းကလေးများ စားပွဲထိုးတဲ့တရုတ်စားသောက်ဆိုင် အပြင်းအထန်ဝေဖန်ခံရ
တရုတ်နိုင်ငံ ရှီကျန်းပြည်နယ်၊ လီအိုနင်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ စားသောက်ဆိုင် တစ်ဆိုင်က လာရောက်စားသုံးကြတဲ့ဧည့်သည်တွေကို ထူးခြားတဲ့ဝန်ဆောင်မှုတွေ ပြုလုပ်ပြီး အရောင်းမြင့်တင့်မှုပြုလုပ်တာကြောင့် တစ်ခဏအတွင်း အင်တာနက်စာ မျက်နှာမှာ နာမည်ကြီးလာပြီး အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။
စားပွဲထိုးမိန်း ကလေးတွေကို ဘီကီနီဝတ်စုံတွေပေးဝတ်ပြီး စားပွဲထိုးယောက်ျားလေး တွေကိုတော့ အပေါ်ပိုင်းအကျီဗလာကျင်းပုံစံနဲ့စားပွဲထိုးဝန်ဆောင်မှုပေးတာပဲဖြစ်ပါ တယ်။ ထိုသို့ ဆိုင်သို့လာရောက်စားသောက်ကြတဲ့ ဧည့်သည်တွေကို စွဲဆောင်နိုင်ဖို့ ထက် အများပြည်သူအမြင်အကြားမှာ ပိုပြီးတော့ အရှက်တရားမဲ့ မသင့်တော်ရိုင်းရာ ရောက်ပြီး ဝေဖန်ကဲ့ရဲ့ခြင်းကိုခံရပါတယ်။
ရုပ်ရည်ချောမောလှပပြီး ဘီကီနီဝတ်စုံကို လှပ်ပေါ်လော်လီဝတ်စားထားတဲ့ စားပွဲထိုး မလေးတွေက စားပွဲဝိုင်းတွေအကြားမှာ အစားအသောက် တည်ခင်းဧည့်ခံနေတာက လူကြီးလူငယ် အရွယ်သုံးပါးမရွေး လာရောက်စားသောက်ကြတဲ့ ဧည့်သည်တွေကြားမှာ ကလေးငယ် တွေနဲ့ ဂုဏ်သရေရှိလူကြီးတွေအတွက် မည်သို့မျှမျက်လုံးဖွင့်မကြည့်ရဲလေ လောက်အောင်ဖြစ်ရပြီး ကလေးငယ်တွေလည်းအတုယူမှားမှာကို စိုးရိမ်ကြောင်းလာ ရောက်သုံးဆောင်တဲ့ ဧည့်သည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
Credit:phothutaw
ဘီကီနီမိန်းကလေးများ စားပွဲထိုးတဲ့တရုတ်စားသောက်ဆိုင် အပြင်းအထန်ဝေဖန်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 24, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment