ပေကျင်း ၊ ၁၈-၆-၂ဝ၁၅
တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ကွမ်ရှီကျောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသရှိ လူယီမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝက်ကောင်ရေ စုစုပေါင်း ၁၆ဝဝဝ ခန့်မှာ ရေနစ်မြုပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဝက်များ ရေနစ် သေဆုံးမှုသည် တဟူယောင် ခရိုင် လျိုယီမြို့နယ်ရှိ မွေးမြူရေးခြံ တစ်ခုအတွင်း ဇွန် ၁၄ ရက်မှစ၍ ဒေသအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ရေကြီးမှုမှာ အချိန်တို အတွင်း အလျင်အမြန် ဖြစ်ပွား ခဲ့သောကြောင့် ဝက်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းချိန် မရလိုက် ကြောင်းအဆိုပါ ဝက်မွေးမြူရေး မန်နေဂျာ ဝန်လင် က ပြောကြား ထားသည်။
ဒေသတွင်း အာဏာပိုင် များသည် ယခုအခါ ရေနစ်မြုပ် မှုကြောင့် သေဆုံးခဲ့သည့် ဝက်များအား မွေးမြူရေးခြံမှ ဖယ်ရှားလျက် ရှိကြောင်း ဆင်ဟွာ သတင်းဌာန က ထုတ်ပြန်ခဲ့သည်။
#PyiChitThar

No comments:
Post a Comment