Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

အငြင်းပွားပင်လယ်အတွင်း၌ ကျွန်းတုများ တည်ဆောက်မှု ပြီးစီးတော့မည်ဟု တရုတ်ပြောကြား


ပေကျင်း ၊ ၁၇-၆-၂၀၁၅

တရုတ် အစိုးရသည် ပိုင်နက် အငြင်းပွား နေသည့် တောင်တရုတ် ပင်လယ် အတွင်းရှိ စပရက်တလေ ကျွန်းများပေါ် ၌ လုပ်ဆောင်လျက် ရှိသည့် ကျွန်းတုများ တည်ဆောက်မှုမှာ မကြာမီ ပြီးစီး တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန က ယနေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

တရုတ် အစိုးရ၏ အဆိုပါ ပြောကြားချက် သည် စပရက်တလေ ကျွန်း၌ မြေယာများ ဖော်ဆောင် နေမှုကြောင့် တရုတ်နိုင်ငံ နှင့် ပဋိပက္ခ ဖြစ်ပွား ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံအတွက် သာမက အမေရိကန် ပြည်ထောင်စု အတွက်ပါ စိုးရိမ်မူကို ဖြစ်ပေါ် စေခဲ့သည်။ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ် အတွင်း မြေယာ တူးဖော်၍ ကျွန်းတုများ တည်ဆောက် နေခြင်းသည် ၄င်းတို့၏ အင်အား ပိုမိုကြီးထွား လာစေရန် ကြိုးပမ်း လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု အမေရိကန် စစ်ဘက်က ယူဆလျက် ရှိပြီး တရုတ် အစိုးရက ၄င်းတို့ တည်ဆောက် နေသည့် ကျွန်းတုများ ရှိရာ ရေပိုင်နက် အတွင်း သင်္ဘောများ နှင့် လေယာဉ်များ လွတ်လပ်စွာ ပျံသန်း မောင်းနှင်ခြင်းကို ကန့်သတ် ထိန်းချုပ် နိုင်မည့် တားမြစ်နယ်မြေ တစ်ခုအဖြစ် ထုတ်ပြန် ကြေညာနိုင်ခြင်း ရှိသောကြောင့် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ အများအပြား က စိုးရိမ်လျက် ရှိသည်။

သို့ရာတွင် တောင်တရုတ် ပင်လယ် အတွင်း လုပ်ဆောင်လျက် ရှိသည့် မိမိတို့၏ လုပ်ငန်းများသည် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များ အပြင် ရေကြောင်း လုံခြုံရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ကဲ့သို့သော လုပ်ဆောင်မှုများ ကို အထောက်အကူ ပြုစေရန် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က တုံ့ပြန် ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment