Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

နံရံကပ်စက္ကူကဲ့သို့ အသုံးပြုနိုင်မည့် အထူ ၁ မီလီမီတာသာရှိသော တီဗွီတစ်မျိုးကို LG Display ပြသ


LG ၏ screen ထုတ်လုပ်သည့် ဌာနခွဲဖြစ်သော LG Display သည် အထူ ၁ မီလီမီတာ အောက်သာ ရှိသော တီဗွီတစ်မျိုးကို ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ တီဗွီသည် ၅၅ လက်မအရွယ် OLED (organic light-emitting diode) display တစ်ခုဖြစ်ပြီး အလေးချိန် ၁.၉ ကီလိုဂရမ်ရှိကာ အထူမှာ ၁ မီလီမီတာ အောက်သာ ရှိသည်။ ၎င်းကို နံရံပေါ်ရှိ သံလိုက်ပြားတစ်ခုတွင် ကပ်ခြင်းဖြင့် အသုံးပြုနိုင်ပြီး ဖယ်ရှားလိုပါက screen ကို သံလိုက်ပြားမှ ခွာခြင်းဖြင့် ပြုလုပ်နိုင်မည်ဟု သိရသည်။

ဆက်လက်ပြီး LG Display ၏ OLED လုပ်ငန်းဌာနမှ ဆန်ဒုန်ယောင်က OLED သည် ကုမ္ပဏီအတွက်သာမက တီဗွီလုပ်ငန်းတစ်ခုလုံးအတွက် တီထွင်ဆန်းသစ်သည့် နည်းပညာတစ်ခုကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။

LG Display သည် ယခုနှစ်တွင် OLED TV panel ၆၀၀,၀၀၀ ရောင်းချရန်နှင့် လာမည့်နှစ်တွင် ၁.၅ သန်း ရောင်းချရန် မျှော်လင့်ထားသည်။

နယူးယောက်ရှိ ရိုချက်စတာတက္ကသိုလ်မှ ပရော်ဖက်ဆာနှင့် OLED တီထွင်သူဖြစ်သူ ချင်ဒဗလျူတန်က OLED display များကို နောက် ၅ နှစ်မှ ၁၀ နှစ်အတွင်း လူတိုင်း အသုံးပြုနိုင်သေးမည် မဟုတ်သော်လည်း စုစုပေါင်း တင်ပို့ရောင်းချမှုတွင် LCD ထက် သာလွန်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

Internet Journal

No comments:

Post a Comment