Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 29, 2015

တာဂျစ်စတန် အထူးတပ်ဖွဲ့ အကြီးအကဲ IS ထဲ ၀င်ရောက်


တာဂျစ်စတန် နိုင်ငံမှာ အစိုးရ အထူးတပ်ဖွဲ့တွေရဲ့ အကြီးအကဲက ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ထဲကို ဝင်လိုက်တယ်လို့ ဗီဒီယို မှတ်တမ်း တစ်ခုအရ သိရပါတယ်။

အထူးတပ်ဖွဲ့တွေရဲ့ အကြီးအကဲ Gulmurod Khalimov ဆိုသူဟာ မေလ အစောပိုင်းမှာ ပျောက်သွားခဲ့ပြီး အခုတော့ အဲဒီ ဗီဒီယိုထဲမှာ အနက်ရောင် အဝတ်အစားနဲ့ သေနတ်တစ်လက် ကိုင်ထားတာကို မြင်ရပါတယ်။

တာဂျစ်စတန် နိုင်ငံရဲ့ ဘာသာရေးအပေါ် ထားရှိတဲ့ မူဝါဒကို ဆန့်ကျင်တဲ့ အနေနဲ့ IS အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာလို့ သူက ပြောပါတယ်။

အာရှ အလယ်ပိုင်းကနေ ရာနဲ့ချီတဲ့ လူတွေ IS အဖွဲ့ထဲ ဝင်ရောက်ဖို့ ဆီးရီးယားကို ထွက်ခွာ ခဲ့ကြပြီး ဖြစ်ပေမယ့် ရာထူးမြင့်မားတဲ့ အစိုးရ အရာရှိ အနေနဲ့ အခုတစ်ယောက်ကတော့ ပထမဆုံး ဖြစ်ပါတယ်။

အစွန်းရောက် စစ်သွေးကြွတွေကို အရင်က တိုက်ခိုက်နေတဲ့ Khalimov အခုလို IS အဖွဲ့ထဲ ဝင်ရောက် သွားတာဟာ တာဂျစ်စတန် အစိုးရကို အကြီးအကျယ် တုန်လှုပ် ချောက်ချား သွားစေမယ်လို့ ယူဆရပြီး ဒီသတင်းအပေါ် တာဂျစ်စတန် အစိုးရက တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment