Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

Fatherland ဦးကျော်မြင့်က တရားလိုအား ကျပ်သိန်းပေါင်း တသောင်းသုံးထောင် ပေးထားဟုဆို


''ဦးရဲ့ နစ်နာမှု ပြောရမယ်ဆို မြေကွက်တန်ကြေး သိန်းရှစ်သောင်းနဲ့ တသိန်းကြားမှာရှိတဲ့ဟာ ရောင်းပြီး ဘဏ်အပ်ထားမယ်ဆို ဘဏ်တိုး တလ သိန်းသုံးလေးထောင် အသာလေး ထည့်လို့ရတယ်။ အခု သူလုပ်ချင်တိုင်း လုပ်တာ ဦးက ပြန်ဖျက်ပြီးလည်း ဆောက်လို့လည်းမရ အများကြီးနစ်နာဆုံးရှုံးတယ်'' ဟု တရားလိုဖြစ်သူ မြေပိုင်ရှင်က ပြောကြားသည်။

ပန်းဆိုးတန်း MEI Business Tower ဆောက်လုပ်မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် Fatherland ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က ၎င်းသည် ပုဒ်မ ၄၆၈ လက်မှတ်လိမ်လည်ထိုးထားခဲ့ခြင်းမရှိကြောင်းနှင့် ပုဒ်မ ၄၂၀ အတွက် တရားလိုထံသို့ ကျပ်ငွေသိန်းပေါင်း တသောင်းသုံးထောင်ပေးချေခဲ့ကြောင်း မေ ၁၂ ရက် လသာမြို့နယ် တရားရုံး၌ News Watch သို့ ပြောကြားခဲ့သည်။

၎င်းမှ''သူက ပုဒ်မ ၄၂၀ နဲ့စွဲတာ နော်။ အဲဒီအတွက် သူ့ကို သိန်းတသောင်း သုံးထောင်ပေးထားတယ်။ ၄၆၈ ဆိုတာက လက်မှတ်ထိုးတာ။ ကိုယ်လက်မှတ်လုံးဝ ထိုးမထားဘူး။ ဒီဟာနဲ့ပတ်သက်ပြီး တရား ရင်ဆိုင်သွားမယ်''ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ MEI Business Tower မြေပိုင်ရှင် တရားလို ဘက်မှ ''သူနဲ့ ဦး ဆောက်ခဲ့တာတွေက ဦးက မြေစိုက်တယ်။ သူက ငွေဘယ် လောက်ပေးရမယ်။ ပြီးရင် သူကအဆောက်အဦ ဆောက်ပေးရမယ်ပေါ့။ အဲဒီဖြစ်ပေါ်လာမယ့် အကျိုးအမြတ်မှာမှ ဦးက ဘာ ခံစားမယ်၊ သူက ဘာခံစားမယ်ဆိုတာ ရှိတယ်။ အခု သူက သူ့တာဝန်ကို ကျေပွန်အောင် မလုပ်ဘူး။ ကန်ထရိုက်တာဝန်ကို မကျေပွန်တဲ့အချိန်မှာ လိမ်တာပဲ။ လုပ်ပေးမယ် လုပ်ပေးမယ်ပြောပြီး လိမ်သွားတာဆိုတော့ အခုတရားရုံးမှာ စွဲတင်ထားရတယ်။ ဦးက တရားရုံးကိုကျော်ပြီးတော့ ဘာမှ မပြောချင်ဘူးပေါ့နော်။ ပုဒ်မ ၄၆၈ မှာလည်း လက်မှတ်မထိုးဘူးဆိုတာ သက် သေပြပေါ့။ သူမထိုးရင် ဘယ်သူထိုးလဲ။ ဦးတို့က သူ့လက်မှတ်ကို ပါးစပ်နဲ့ပြောတာ မဟုတ်ဘူး။ လက်ရေးကျွမ်းကျင်ပညာရှင်တွေ၊ CID ကနေပြီး ပြန်ကြားပြီးသားလေ။ သူမထိုးဘဲ သူ့တပည့်တွေထိုးရင်လည်း သူ့မှာ တာဝန်ရှိတယ်။ စစ်လိုက်ရင် ပေါ်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

အဆိုပါ MEI Business Tower အား Father ကုမ္ပဏီနှင့် ဆောက်လုပ်ခဲ့စဉ်က သဘောတူညီချက်များအတိုင်း ပြုလုပ်ခဲ့ခြင်းမရှိခြင်း၊ သတ်မှတ်အချိန်မီ ပေးအပ်နိုင်ခြင်းမရှိခြင်းအပြင် လက်မှတ်လိမ်လည်ထိုးခဲ့ခြင်းများကြောင့် မြေပိုင်ရှင်ဘက်မှ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဦးကျော်မြင့်ဘက်မှ ပုဒ်မ ၄၂၀ အတွက် ကျပ်သိန်းပေါင်း တသောင်းသုံးထောင်ပေးခဲ့သည်ဆိုရာ၌ မြေပိုင်ရှင်ဘက်မှ ၎င်းဖောက်ဖျက်ခဲ့သောလုပ်ရပ်များအရ များစွာနစ်နာမှုရှိသည်ဟု ဆိုသည်။ ယင်းနှင့်ပတ်သက်၍ မြေပိုင်ရှင်ဘက်မှ ''ဦးရဲ့ နစ်နာမှု ပြောရမယ်ဆို မြေကွက်တန်ကြေး သိန်းရှစ်သောင်းနဲ့ တသိန်းကြားမှာရှိတဲ့ဟာ ရောင်းပြီး ဘဏ်အပ်ထားမယ်ဆို ဘဏ်တိုး တလ သိန်းသုံးလေးထောင် အသာလေး ထည့်လို့ရတယ်။ အခု သူလုပ်ချင်တိုင်း လုပ်တာ ဦးက ပြန်ဖျက်ပြီးလည်း ဆောက်လို့လည်းမရ အများကြီးနစ်နာဆုံးရှုံးတယ်'' ဟု ပြောကြားခဲ့သည်။

လက်ရှိ Father Land ဦးကျော်မြင့်အား ဗိုလ်တထောင်ရဲစခန်းမှ အမှုပေါင်း ၁၄ မှု၊ ဗဟန်းမြို့နယ်၌ ၄ မှု၊ မန္တလေးတွင် ၂ မှု၊ တောင်ကြီးတွင် ၂ မှုဖြင့် အသီးသီး အမှုဖွင့်ထားသည်ဟု သိရသည်။ ယင်းအမှု များအနက်မှ တရားဥပဒေအကြံပေး တောင်းခံပြီး တရားရုံးသို့ စွဲတင်နိုင်သည့် အမှု ဗိုလ်တထောင် ၂ မှု၊ ဗဟန်း ၄ မှုနှင့် လက်ရှိရင်ဆိုင်နေရသော ကျောက်တံတား အမှု ၁ မှုသာရှိသည်ဟု သိရသည်။ ယင်း အပြင် ဗဟန်းမြို့နယ်မှအမှုလည်း စတင် ရင်ဆိုင်နေရပြီး ၎င်း၏ဇနီးအားလည်း ဆက်လက် အမှုဖွင့်သွားမည့်သူများရှိသည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment