Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

Facebook ရဲ့ချုပ်ကိုင်မှုကို စိတ်ပျက်နေတဲ့ သတင်းမီဒီယာကုမ္ပဏီများ

 


 Facebook ရဲ့ချုပ်ကိုင်မှုကို စိတ်ပျက်နေတဲ့ သတင်းမီဒီယာကုမ္ပဏီများ
Facebook ရဲ့ချုပ်ကိုင်မှုကို စိတ်ပျက်နေတဲ့ မီဒီယာကုမ္ပဏီများ

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ သိနေရတဲ့ သတင်းအများစုဟာ Facebook ၀က်ဆိုက်က ရနေတာလို့ ပြောရင် မှားမယ် မထင်ပါဘူး။ Facebook ကလည်း သူတို့ ထုတ်လုပ်ပေးတာ မဟုတ်ပေမယ့်
ကမ္ဘာတ၀ှမ်းက မီဒီယာ ကုမ္ပဏီတွေက ရေးသားဖြန့်ချိတဲ့ ဆောင်းပါးတွေနဲ့ သတင်းအချက်အလက်တွေကို မိုဘိုင်းဖုန်းတွေက တဆင့် အချိန်နဲ့ တပြေးညီ ထုတ်လုပ်ပေးနေပါတယ်။
Facebook တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်အရ သူတို့ဟာ သတင်းဆောင်းပါးတစ်ပုဒ်ကို ၀က်ဆိုက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းကနေ ကြည့်ရှုနိုင်စေဖို့ ရှစ်စက္ကန့်ပဲ အချိန်ယူတယ်လို့ သိရပါတယ်။

Facebook ကတော့ သူတို့ရဲ့မူဝါဒဖြစ်တဲ့ ချက်ချင်းလက်ငင်းဖြစ်မှုဆိုတာကိုပဲ အဓိကထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ
BBC, National Geographic, the New York Times နဲ့ Buzzfeed တို့လို သတင်းမီဒီယာတွေအတွက် စိုးရိမ် စရာ ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ မိုဘိုင်းဖုန်းကနေ Facebook သုံးစွဲသူတွေဟာ
မီဒီယာကုမ္ပဏီ တစ် ခုချင်းစီက ဖြန့်ချိနေတဲ့ သတင်းကို ဖတ်ဖို့ Link ကို follow လုပ်ဖို့ စောင့်နေစရာ မလိုတော့ဘဲ Facebook က ဖော်ပြထားတဲ့ စကရင်ပေါ်မှာ ကိုယ်ပိုင်သဘောထားဖြစ်တဲ့ like
လုပ်တာအပြင် အဲဒီစကရင်မှာပဲ ရှိနေတဲ့ အလိုအလျောက်ဖွင့်လို့ရတဲ့ ဗီဒီယိုဖိုင်တွေ၊ ဂရပ်တွေနဲ့ မြေပုံတွေကို အသုံးပြုနိုင်လို့ပဲ ဖြစ်ပါတယ်။ မီဒီယာ ကုမ္ပဏီတွေဘက်ကတော့ သူတို့ဝက်ဆိုက်မှာ မပါတဲ့
အရာတွေကို Facebook က ထည့်သွင်းထားတာ သဘောမကျသလို သူတို့ရဲ့ဝက်ဆိုက်ထဲကို အွန်လိုင်းသုံးစွဲသူတွေ ၀င်မလာတော့ဘဲ Facebook မှာပဲ သတင်းတွေ စားသုံးနေကြတာကို မနှစ်မြို့ပါဘူး။

ပိုဆိုးတာက Facebook မှာ ပေါ်နေတဲ့ မီဒီယာကုမ္ပဏီတွေက သတင်းတွေက နောက်တစ်နေ့ဆိုရင် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
Facebook ကတော့ သူတို့ဟာ သတင်းတွေကို လက်ဝါးကြီးအုပ်နေတဲ့ မီဒီယာကုမ္ပဏီကြီးတစ်ခု မဟုတ်ဘဲ Google လို လူတွေကိုယ်စား သတင်းတွေ ရှာဖွေပေးနေတဲ့ ကြားခံနယ်တစ်ခုပဲ ဖြစ်တယ်လို့
ဆင်ခြေပေးထား ပါတယ်။ မီဒီယာကုမ္ပဏီတစ်ခုက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Facebook ဟာ သတင်းစီးဆင်းမှုတွေကို မိုဘိုင်းဖုန်းတွေပေါ်မှာ သတ်ဖြတ်ပစ်နေပြီး
သတင်းအချက်အလက်တွေက ပေးချင်တဲ့ သူတွေဆီ မရောက်သွားဘဲ အကျိုးအမြတ် ထုတ်ချင်တဲ့ ကြားခံအဖွဲ့အစည်း (Third Party ) ဆီ ရောက်သွားတာကို စိုးရိမ် မကင်း ဖြစ်မိတယ်လို့
ဆိုထားပါတယ်။

သတင်းမီဒီယာ ကုမ္ပဏီတွေက သူတို့သတင်းတွေ Facebook ပေါ်မှာ ဘယ်လို အလုပ်လုပ်နေသလဲဆိုတာ သတိနဲ့ ဆက်လက်စောင့်ကြည့်နေတုန်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Facebook ကတော့
သာမန် သတင်းမီဒီယာကုမ္ပဏီထက် ပိုမိုချမ်းသာကြွယ်ဝလာနေပြီး အွန်လိုင်းသုံးစွဲသူတွေ အပေါ်မှာလည်း ပိုမိုသြဇာရှိလာနေတာ ငြင်းလို့ မရနိုင်ပါဘူး။

Ref - BBC
 http://www.planet.com.mm/detail/27779/World

No comments:

Post a Comment