CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 11, 2015
မြန်မာတွေအနေနဲ့ ဝေဖန်ရေး လုပ်တာဟာ အပြုသဘောသာ ဖြစ်သင့်တယ်လို့ နီနီခင်ဇော် ပြောကြား
ဂီတသက်တမ်း ၆ နှစ်ကျော်အတွင်းမှာ အောင်မြင်မှုတစ်ခုကို လက်ဆုပ်လက်ကိုင်ပြနိုင်ပြီဖြစ်သလို ပညာရေးဖက်မှာလဲ ထူးချွန်လှတဲ့ နီနီခင်ဇော်နဲ့တွေ့ဆုံခိုက် ဂီတအကြောင်းအရာအချို့နဲ့ ဒုတိယခွေအကြောင်း တစေ့တစောင်း မေးမြန်းကြည့်မိတဲ့အခါ "အခုလတ်တလောက နီနီ ၂၀၁၅ ရဲ့ မာစတာ selection ခွေ ရိုက်နေပါတယ်။ နောက်ပြီးတော့ နီနီ့ရဲ့ ဒုတိယအခွေ ရှေ့လမှာ ထွက်ဖို့အတွက် ကြိုးစားနေပါတယ်။ သီချင်းတွေအားလုံးကလဲ ပြီးသလောက် ရှိနေပါပြီ။ Title ကတော့ မပေးရသေးပါဘူး။ ပထမခွေနဲ့လဲ တော်တော်လေး ကွာခြားပါမယ်။ တေးရေးက လောလောဆယ် ကိုဝေလ၊ ကိုထက်၊ ကိုစလိုင်း၊ သော်မိုးဆက်၊ ကိုဆောင်းဦး၊ ကိုဇ၀ါ စသဖြင့်ပါပါတယ်။"လို့ သူမက ပြောပါတယ်။
ဒုတိယအခွေအတွက် သူမ ဘယ်လောက်ထိ မျှော်လင့်ထားသလဲဆိုတာနဲပ ပတ်သက်ပြီးတော့လည်း သူမက "နီနီ အလုပ်တစ်ခု လုပ်တဲ့အခါမှာ မျှော်လင့်ချက် သိပ်မထားဘူး။ ကိုယ်တတ်နိုင်သလောက်တော့ အစွမ်းကုန်ကြိုးစားတယ်။ ဒုတိယခွေလေးကို ၆လပိုင်း ကို နီနီ မှန်းထားတယ်။ ရက်တော့ အတိအကျ မပြောတတ်သေးဘူး။ ဂီတအမျိုးအစားအရဆိုရင် နီနီဆိုနေကျ ပုံစံတွေပါမယ်။ နောက်ပျော်စရာကောင်းတဲ့ သီချင်းလေးတွေ ပါမယ်။ country ပုံစံလေးတွေ ပါမယ်။ နောက်ဂယ်ပဲ ဂယ်ပဲလို ပုံစံမျိုး ဟာသသီချင်းလေးတွေလဲ ပါမယ်။ နောက်ပြီး ဂယ်ပဲဂယ်ပဲ သီချင်းကိုလဲ Version အသစ်နဲ့ပြန်တီးထားပါတယ်။ အပုဒ်ရေက ၁၀ ပုဒ်ကနေ ၁၂ အတွင်းပါပါမယ်။ Featuring တွေကိုတော့ နီနီသေချာရင် ထပ်ပြောပါ့မယ်"တဲ့။
Myanmar Music Award ဆုပေးပွဲအကြောင်းကိုတော့ "MMA ကတော့ ဂီတအဆင့်အတန်းမြင့်ဖို့အတွက် အကုန်လုံးဝိုင်းကြိုးစားနေတဲ့အချိန်မှာ ကဲ့ရဲ့မှုတချို့ကြောင့် ဒီဟာကြီးသာပြတ်သွားမယ်ဆိုရင် နီနီတို့ရဲ့ ဂီတလောကသားတွေ ကြိုးစားမဲ့ဟာကို အသိအမှတ်ပြုမဲ့ပွဲတွေ ဘယ်တော့မှ ပေါ်လာတော့မှာ မဟုတ်ပါဘူး။ မြန်မာတွေအနေနဲ့ဝေဖန်တာလဲ ဝေဖန်ပါ။ သို့ပေမဲ့ အပြုသဘောနဲ့သာ ဝေဖန်သင့်တယ်လို့နီနီထင်ပါတယ်။ ကိုယ်ချစ်တဲ့ အနုပညာရှင်ဆိုတာ လူတိုင်းဆီမှာ ရှိပါတယ်။ ဒါပေမဲ့လဲ တခြားအနုပညာရှင် ရသွားရင်လဲ မုဒိတာ ထားနိုင်ရမယ်။ ဂီတအဆင့်အတန်း မြင့်မားအောင်ဆိုပြီး ကြိုးစားနေကြတာကို ပရိသတ်တွေကိုလဲ နားလည်ပေးစေချင်တယ်။ ဒီလိုပွဲတွေ ဆက်လက်ပေါ်ပေါက် လာအောင်လဲ ပရိသတ်တွေဖက်က တိုက်တိုက်တွန်းတွန်းဖြစ်စေချင်တယ်။ ဝေဖန်တယ်ဆိုတာ လူနည်းစုပါ။ ကောင်းတာကို ထုတ်ဖော်ပြောကြပါ။ မကောင်းတာကြီးပဲပြောနေသလို ဖြစ်နေတယ်။ နီနီကတော့ MMA ကိုဆက်လက်ပြီး အဓွန့်ရှည်စေချင်တယ်။ ပရိသတ်တွေ ဘယ်လိုပဲဖြစ်ဖြစ် MMA အဓွန့်ရှည်မှသာ ဂီတသမားတွေ အားလုံးအတွက် အားဆေးတစ်ခွက်ပါ။ ဒါရှိနေမှလဲ နီနီတို့တွေ ဂီတကို ဖန်တီးပုံဖော်တဲ့အခါမှာ ပိုပြီးတော့ အသက်ဝင်ပါတယ်။ လို့ပြောပြသွားပါတယ်။
http://www.trend.com.mm/2015/05/08/music-6550
မြန်မာတွေအနေနဲ့ ဝေဖန်ရေး လုပ်တာဟာ အပြုသဘောသာ ဖြစ်သင့်တယ်လို့ နီနီခင်ဇော် ပြောကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment