Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 29, 2015

လူစားထိုး စာမေးပွဲ ၀င်ဖြေပေးတဲ့ တရုတ်နိုင်ငံသားတွေ တရားစွဲခံရ


အမေရိကန် ကောလိပ်နဲ့ တက္ကသိုလ်တွေရဲ့ ၀င်ခွင့်စာမေးပွဲတွေမှာ ရလဒ်ကောင်းတွေ ထွက်လာအောင် မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကို အမေရိကန်က တရားစွဲလိုက်ပါတယ်။

စာမေးပွဲတွေမှာ လူတွေ အစားထိုး ဖြေဆိုတာတွေပါ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီ အုပ်စုဟာ Pennsylvania ပြည်နယ်ထဲတွင်းမှာ နာမည်တုနဲ့ ပတ်စပို့အတု လုပ်တာတွေ အပါအ၀င် မသမာမှုတွေ ကျူးလွန်နေတာ ၄ နှစ်ရှိပြီလို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

ဒီအမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရဖို့ ရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment