Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 27, 2015

မြန်မာတို့နဲ့လွဲချော်လို့မရနိုင်တဲ့ အထိမခံအွန်လိုင်း

 ရေးသူ-ကောင်းမြတ်ထွဋ်

အွန်လိုင်းအင်တာနက်ကြီးဟာ လူတစ်ယောက်ကို နေ့ချင်း၊ ညချင်း ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်စေနိုင်ပါတယ်။ ပထမဆုံးဥပမာပြ ရရင် Facebook ပိုင်ရှင်သူဌေးMark ကိုပြရမှာပါ။ နေ့ချင်း၊ ည ချင်းကြီးပွားသွားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မကြီးပွားသေး တောင် နာမည်တော့ ကြီးနိုင်ပါတယ်။ အခုတလော အွန်လိုင်းမှာ တော့ လေယာဉ်မယ်လေး၊ ကဗျာဆရာမလေး တို့တော်တော်ရေပန်းစားနေ ပါတယ်။ များမကြာသေးမီကလည်း အွန်လိုင်းအဆိုတော် မေမြတ် မွန်၊ နစ်ကီ၊ ဘိုးမင်းအောင်၊ တည်ငြိမ်သူ ဆူး၊ Babe Yukiတို့လည်း ပေါ်ပြူလာဖြစ်ခဲ့ပါသေးတယ်။
အွန်လိုင်းမှာနေရတာလည်း အသွားမတော်တစ်လှမ်းဆို တာထက် ဆိုးပါတယ်။ အတင်မတော် တစ်ကြောင်း၊ အတင်မတော် တစ်ပုဒ်လို့တောင် စကားပုံကို ပြောင်းပြောရမလိုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဦးပိုင်းကဆို စံတော်ချိန်သတင်းရဲ့ Facebook Page Hack
လုပ်ခံရတဲ့အကြောင်း ပါလာပါတယ်။ သူ့အရင်ကလည်း လူငယ်စာရေးဆရာ လင်းသိုက်ညွန့်ရဲ့ Facebook Page လည်းပါသွားပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။
ဒီလိုလုပ်တာကတော့ ပုဂ္ဂိုလ်ရေးတွေပါပါတယ်။ တစ်ဖက်ကလည်း pageတွေစလုပ်ကတည်းက Security Settings
တွေ စနစ်တကျထားရမယ်ဗျ။Hack လုပ်တာက တကယ်တော့IQ သိပ်မလိုဘူး။နောက်တစ်ခုပြောချင်တာကတော့ Social Enginnering
ဆိုတဲ့အကြောင်းပါ။ ဒီလိုတွေပါတယ်ဆိုတာကတော့Hack ဆို တာထက် Social Enginneringကောင်းလို့ပေါ့။Social Enginnering
ဆိုတာကတော့ လူတစ်ယောက် အကြောင်းကို အပြင်မှာသိတယ်။ မသိရင်လည်း သိအောင်ကြိုးစား တယ်။ ပြီးတော့ အွန်လိုင်းကသူ့အချက်အလက်တွေကို ခိုးယူဖို့ကြိုး စားတယ်။ အယောင်ဆောင်ပြီး Account ထဲခိုးဝင်တယ်။ ပြီး တော့ Password ပြောင်းတယ်။ သိပ်လွယ်တာပေါ့။
ကျွန်တော်ကြားဖူး၊ ကြုံဖူးတာတွေကို ပရိသတ်ကို မျှဝေပါ မယ်။ ကောင်လေးတစ်ယောက် သူ့Facebook Wall မှာ တင် လိုက်တယ်။ Status လေးတစ်ခု။ သူ့ဖုန်း Password က သူ့ကောင် မလေးဖုန်းနံပါတ်တဲ့။ သူ့ Facebook Security Lock
က ကောင်း မလေးမွေးနေ့တဲ့။နာရီဝက်မကြာဘူး Facebook Status
တက်လာတယ်။ သူကဂေးတဲ့။ Profile Picture
ပြောင်းသွားတယ် စသဖြင့် သူ့ အကြောင်းအရာတွေ အကုန်ပါသွားတယ်။ အတန်းထဲကသူငယ် ချင်း အချင်းချင်းစတာဆိုတော့ ဖုန်းပြန်ရတယ်။ နှစ်နာရီလောက်အ ကြာမှာ သူ့ Profile Picture
ပြန်ပြောင်းလိုက်ပြီး Status တွေပြန် ဖျက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Screenshot တွေတော့ကျန်ခဲ့တာ ပေါ့။
နောက်တစ်ယောက်မြင်ဖူးပါတယ်။ သူ့ Security Question
တွေက လွယ်လွန်းနေပါတယ်။ သူ့ဖုန်းနံပါတ်တဲ့။ ကဲ..ဒီလို ဆိုရင်ဘယ်လောက်လွယ်သလဲဗျာ။
နောက်တစ်ခု ထပ်ပြောပြမယ်။ကျွန်တော်သာ လူဆိုးဆို ရင် ရန်ကုန်မြို့မှာ ဖောက်ထွင်းလို့ကုန်လောက်ပြီ။
Selfiesတွေရိုက်တယ်မဟုတ်လား။ အိမ်မှာလည်းရိုက်၊ မီးဖိုထဲမှာလည်းရိုက်၊ ပြီးတော့ဖြစ်သမျှကိစ္စအကုန်Status
တင်။ ကောင်မလေးတစ်ယောက်ဆိုပါတော့ ကျွန်တော်သူ့အကြောင်းသိအောင်ကြိုးစားမယ်။ သိပ်မခက်ဘူးနော်။ နာမည်သိရင်ရပြီ။Google မှာရှာလိုက် ဓာတ်ပုံပါရတယ်။
ပြီးရင်သူ့အိမ်ထဲဝင် အလှူခံသလိုလိုနဲ့ပေါ့။ မဟုတ်လည်း ခင်အောင်ပေါင်းလိုက်ပြီး Facebook Account
ကိုယူ စောင့် ကြည့်၊ တင်သမျှSelfies
တွေထဲက အိမ်ထဲကပုံတွေကို သေသေ ချာချာကြည့်။ ပြတင်းပေါက်မှာ သံကာထားလား၊ နောက်ဖေးမီးဖို ချောင်ကနေတက်လို့ရလား၊ အိမ်မှာဘယ်နှစ်ယောက်ရှိသလဲ။ ဒါ တွေသိလာမယ်။ ပြီးရင်တင်တဲ့ Status
ကိုကြည့် အိမ်ကလူကြီး တွေခရီးသွားနေတယ်။ မီးကတော့ ကိုကိုနဲ့ ရုပ်ရှင်ကြည့်ဆိုတာ နဲ့ ရုပ်ရှင်ကြည့်တဲ့ ၃ နာရီအတွင်း သူ့အိမ်ကိုဖောက်ဖို့အချိန်ရပြီ။
ကဲ တင်ဦးမလား Selfiesတွေ Status တွေ။
Myanmar B2B Management Magazine ပရိတ်သတ်ကြီး အန္တရာယ်ကင်းကင်းနဲ့ အင်တာ နက် အသုံးပြုနိုင်ပါစေ။

‪#‎MyanmarB2BManagementMagazine

No comments:

Post a Comment