Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 24, 2015

တက္ကသိုလ်ဝင်ခွင့် စနစ်မပြောင်းသေး

တက္ကသိုလ်ကျောင်းသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ယခုနှစ်တက္ကသိုလ်ဝင် ခွင့် စိစစ်ရွေးချယ်ရာတွင် ၀င်ခွင့် စာမေးပွဲစနစ် ကျင့်သုံးနိုင်ဦးမည် မဟုတ်ကြောင်း အဆင့်မြင့်ပညာ ကဏ္ဍ  ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဒုတိယမြောက်နေ့ တွင် ဆုံးဖြတ်ခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်စိန်ရတု ခန်းမတွင် မေလ ၂၂ ရက်က စ တင်၍ လေးရက်ကြာ ကျင်းပပြု လုပ်နေသည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အဆင့်မြင့်ပညာကဏ္ဍ) ဒုတိယမြောက်နေ့အဖြစ် မေလ ၂၃ ရက်၌ တက္ကသိုလ်ဝင်ခွင့်ပြု ပြင်ပြောင်းလဲရေးအပေါ် ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
‘‘ဒီနှစ်မှာတော့ တက္ကသိုလ် ၀င်ခွင့်စာမေးပွဲစနစ်ကို ကျင့်သုံး ဖို့ မဖြစ်သေးဘူး။ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်းတွေကို လာမယ့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လ ထဲမှာ အမြန်ဆုံးဆွေးနွေးပြီးတော့ အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့လိုတယ် လို့ ဒီမှာရှိတဲ့ ဆရာ၊ ဆရာမတွေ အားလုံးက ဆုံးဖြတ်ခဲ့ကြတယ်’’ ဟု ပညာရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဒေါက်တာ စိုး ၀င်းက ပြောသည်။
တက္ကသိုလ်ဝင်ခွင့်ရွေးချယ် ရာတွင် ၀င်ခွင့်စာမေးပွဲစနစ်ဖြင့် ရွေးချယ်ရန် လာမည့် ၂၀၁၆- ၁၇ ပညာသင်နှစ်၌ စတင်ကျင့် သုံးနိုင်ရေး အစီအစဉ်များ ဆက်လက်ဆွေးနွေးဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါနှီးနှော ဖလှယ်ပွဲတွင် ဆုံးဖြတ်ခဲ့သည်။
ထိုသို့တက္ကသိုလ်ဝင်ခွင့် စနစ်ကို ယခင်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အပေါ် မူတည် ၍ ရွေးချယ်မည်ဆိုပါက တက္က သိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို ဇွန်လအတွင်း ထုတ်ဝေရန် လို အပ်ပြီး အဆိုပါဝင်ခွင့်စာအုပ်၌ ပါရှိသည့် အချို့စည်းကမ်းချက် များကို ပြင်ဆင်ပေးရန် လိုအပ် ကြောင်း နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ပါမောက္ခချုပ်တစ်ဦးက ၀င်ရောက်ဆွေးနွေးခဲ့ သည်။
‘‘မနှစ်ကလည်း ဒီလိုပဲ။ ဒီ နှစ်မှာစလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြ တယ်။ ဒီနှစ်မှာလည်း နောင်ကျမှ လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ကြ တယ်။ ဒီစနစ်ကို သုံးမယ်ဆိုရင် Plan ဆွဲပြီး မြန်မြန်လုပ်မှဖြစ်ပါ မယ်။ ၀င်ခွင့်စာမေးပွဲစနစ်နဲ့ ပတ် သက်ပြီးတော့ လျှောက်ထားခြင်း သည် ကျောင်းသားဘက်က အ ခွင့်အရေးဖြစ်တယ်။ ရွေးချယ်ခြင်းသည် ကျောင်း၏ အခွင့်အရေး ဖြစ်ပါတယ်။ ဒီနှစ်ခုကို သီးခြားစီ သွားဖို့ လိုပါတယ်’’ဟု ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာအောင်သူက ပြောသည်။
၂၀၁၄-၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် ၀င်ရောက်ဖြေဆိုသည့် ကျောင်းသား ငါးသိန်းကိုးသောင်း ကျော်ရှိပြီး အောင်စာရင်းမှာ ဇွန် လပထမပတ်၌ ထွက်ရှိမည်ဖြစ် သည်။
      ‘‘၀င်ခွင့်စာမေးပွဲပုံစံနဲ့မဟုတ်တော့ဘူးဆိုရင်   အောင်စာရင်းထွက်ပြီးတော့မှ အမှတ်စာရင်းကို ကြည့်ပြီး ကိုယ်အမှတ်မီတဲ့ ကျောင်းကို လျှောက်မယ်။ နောက်နှစ်မှ ၀င်ခွင့်စာမေးပွဲစနစ်သုံးမယ် ဆိုရင် ကိုယ်ဝါသနာပါတဲ့ ကျောင်းကို ၀င်ခွင့်ဖြေပြီး တက်ချင်ပေမယ့် မသေချာဘဲ တစ်နှစ်အချိန်ကုန် သွားမှာမျိုးတော့ မဖြစ်ချင်ဘူး’’ ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသည့် ဒဂုံမြို့နယ်နေ မောင်ရာပြည့်က ပြောသည်။
တက္ကသိုလ်ဝင်ခွင့်ရွေးချယ် မှုနှင့် ပတ်သက်၍ အဆင့်မြင့် ပညာရေးကို အကောင်အထည် ဖော်သည့် ကျောင်းများသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့် ခွဲမှုဖြင့် ရပ်တည်ရေးနှင့် သင်ယူ လိုသူ၏ ဆန္ဒကို အခြေခံပြီး သက် ဆိုင်ရာတက္ကသိုလ်၏ ပဋိညာဉ် စာတမ်းနှင့်အညီ သတ်မှတ်ထား သော တက္ကသိုလ်ဝင်ခွင့်စနစ်ကို  ကျင့်သုံးရမည်ဟု အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။
‘‘တက္ကသိုလ်ဝင်ခွင့်အတွက် တစ်မှတ်၊ နှစ်မှတ်နဲ့ ပြုတ်ကျန် ခဲ့တဲ့ ကျောင်းသားတွေအတွက် တစ်သက်မှာ တစ်ခါပဲ ရတဲ့ အခွင့်အရေး ဆုံးရှုံးသွားရတယ်။ က မောက်ကမဖြစ်နေတဲ့ စနစ်တွေ မှာ ၀င်ခွင့်စနစ်က ထားရတာ ကောင်းတယ်။ အမြန်ဆုံးလည်း အကောင်အထည်ဖော်ဖို့လို တယ်။ နောက်တစ်ခုက ဖြစ်လာ နိုင်တဲ့ Corruption (လာဘ်ပေး၊ လာဘ်ယူ) ကိစ္စတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စီစဉ်ထားသင့် တယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် တွဲ ဖက်အတွင်းရေးမှူး ဦးဇော်မျိုး လှိုင်ကပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် နှစ်စဉ်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်း သား ငါးသိန်းခန့်ရှိပြီး ၎င်းတို့ အနက်မှ သုံးသိန်းခန့်သည် အဝေးသင်တက္ကသိုလ်သို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
အဆိုပါတက္ကသိုလ်ပေါင်းစုံ မှ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ် များနှင့် ပညာရှင်များ တက်ရောက်သည့် အဆိုပါနှီးနှောဖလှယ်ပွဲ တွင် တက္ကသိုလ်ပဋိညာဉ်ရေးဆွဲ ရေးနှင့် လွတ်လပ်စွာ ရပ်တည်နိုင် ရေး၊ တက္ကသိုလ်ဝင်ခွင့်ပြုပြင် ရေး၊ ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု၊ ဘာသာ ရပ်မြှင့်တင်ရေးအတွက် ဘာသာ ရပ်အလိုက် နှီးနှောဖလှယ်ပွဲ ကျင်းပရေးစသည့် အချက်များကို မေ၂၂ရက်မှ စတင်၍ လေးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
http://7daydaily.com/story/37946

No comments:

Post a Comment