လူဇင်ဘာ့ဂ် ဝန်ကြီးချုပ် ဇေဗီးယား ဘက်တဲလ်သည်
ဥရောပသမဂ္ဂနိုင်ငံခေါင်းဆောင်များအနက် လိင်တူထိမ်းမြားသည့် ပထမဆုံးပုဂ္ဂိုလ်
ဖြစ်လာကြောင်း သိရသည်။
ဘက်တဲလ်သည် ၎င်း၏ လိင်တူချစ်သူ ဂူသီရာ
ဒက်စ်တနေးကို လူဇင်ဘာ့ဂ်မြို့တော်ခန်းမတွင် အကျဉ်းရုံး အခမ်းအနား
တစ်ရပ်ဖြင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က လူဇင်ဘာ့ဂ်တွင်
လိင်တူစုံတွဲများ လက်ထပ်ခွင့်ကို ဥပဒေဖြင့် အတည်ပြုပေးခဲ့ပြီးနောက်
ဝန်ကြီးချုပ် စုံတွဲသည် ဦးဦးဖျားဖျား ကောင်းကျိုးခံစားရသူများတွင်
အပါအဝင် ဖြစ်လာသည်။
ဒက်စ်တနေးသည် ဗိသုကာ
ပညာရှင်တစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်က ၂၀၁၄ ခုနှစ်၊ ဇွန်လအတွင်း
ကြေညာခဲ့သည့် လိင်တူချင်း လက်ထပ်ခွင့် ဥပဒေ အတည်ပြုချက် အပြီးတွင် မိမိတို့
လက်ထပ်ဖြစ်မည်ဟု ပြည်သူများထံ ကြိုတင် အသိပေးထားခဲ့သည်။
ဘက်တဲလ်သည် ကမ္ဘာ့နိုင်ငံများ၏ ခေါင်းဆောင်များ စာရင်းတွင်မူ လိင်တူချင်း
လက်ထပ်သည့် ဒုတိယမြောက် ပုဂ္ဂိုလ် ဖြစ်လာသည်။ ၂၀၁၀ ပြည့်နှစ်တွင် ထိုစဉ်က
အိုက်စ်လန် ဝန်ကြီးချုပ် ဂျိုဟန်နာ ဆီဂါ့ဒ်ဒါတော့တာသည် သူမ၏ လိင်တူချစ်သူ
အမျိုးသမီးနှင့် လက်ထပ်ခဲ့ဖူးသည်။
ဘက်တဲလ်က “ကျွန်တော်က
လိင်တူချစ်သူ တစ်ယောက် ဆိုတာကို ဖုံးကွယ်ထားလို့ ရတယ်။
ချုပ်တည်းထားလို့ရတယ်။ ဒါပေမဲ့ အဲဒါဆိုရင် ကျွန်တော့်ဘဝ တစ်လျှောက်လုံး
မပျော်မရွှင် ဖြစ်နေမှာလေ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြောခဲ့တယ်။
ကိုယ်က နိုင်ငံရေးသမားတစ်ယောက်လေ။ ရိုးသားတဲ့ နိုင်ငံရေးသမားတစ်ယောက်
ဖြစ်ချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့လိုတယ်။ ကိုယ်က
ဘယ်သူဘယ်ဝါ ဆိုတာကို အရှိအတိုင်း လက်ခံဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်ဟောင်း အီလီယိုဒီရူပိုသည် ဥရောပ သမဂ္ဂ
ခေါင်းဆောင်များအနက် လိင်တူချစ်သူ တစ်ဦးဖြစ်ကြောင်း ပထမဆုံး လူသိရှင်ကြား
ထုတ်ဖော်ဝန်ခံသူ ဖြစ်ခဲ့ဖူးသည်။ ဘက်တဲလ်သည် လက်ထပ်ပွဲ အပြီးတွင်
ဟန်းနီးမွန်းခရီး ထွက်ဖြစ်ဦးမည် မဟုတ်ဘဲ စီးပွားရေး ဖိုရမ်တစ်ခု
တက်ရောက်ရန် ကာဇက်စတန်သို့ သွားရောက်မည်ဟုလည်း သိရှိရသည်။
http://7daydaily.com/story/37342
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, May 16, 2015
ပထမဆုံး လိင်တူချင်းလက်ထပ်သည့် ဥရောပသမဂ္ဂခေါင်းဆောင် ဖြစ်လာသည့် လူဇင်ဘာ့ဂ် ဝန်ကြီးချုပ်
ပထမဆုံး လိင်တူချင်းလက်ထပ်သည့် ဥရောပသမဂ္ဂခေါင်းဆောင် ဖြစ်လာသည့် လူဇင်ဘာ့ဂ် ဝန်ကြီးချုပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 16, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment