Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 26, 2015

တရုတ်ပြည်မှာ သက်ကြီးစောင့်ရှောက်ရေးဂေဟာ မီးလောင်မှု ၃၈ ဦးသေ



တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ရှိ သက်ကြီး စောင့်ရှောက်ရေး ဂေဟာမှာ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ၃၈ ဦး သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရ သတင်းဌာနက ပြောပါတယ်။

တနင်းလာနေ့ ညက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ပင်ဒင်ရှန်မြို့ရှိ ပုဂ္ဂလိကပိုင် ကင်ဂလီယွန် သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ လူ ၆ ဦးလည်း ဒဏ်ရာရသွားပြီး အဲဒီအထဲက ၂ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ Xinhua သတင်းဌာနက ဆိုပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ တရုတ်သမ္မတ ရှီကျင်းပင်က အမိန့်ပေးထားတယ်လို့ လည်း ဆိုပါတယ်။

အဲဒီ ဂေဟာမှာ သက်ကြီးရွယ်အို ၅၁ ဦးနေထိုင်တာဖြစ်ပြီး မီးလောင်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment