ေလာ့စ္အိန္ဂ်လိစ္ မွာေနထိုင္ျပီး အိႏၵိယ လူမ်ိဳး အေမရိကန္မွာ ပညာသင္ၾကားကာ ၾကီးျပင္လာတဲ့ အသက္ ၁၁ နွစ္အရြယ္ လူငယ္ေလးဟာ အေမရိကန္မွာ ရွိတဲ့ သခ်ာၤနဲ႕ ပတ္သက္တဲ့ ဒီဂရီဘြဲ႕မ်ား ၊ သိပၸံဆိုင္ရာ ဘြဲ႕မ်ား နွင့္ နုိင္ငံျခား ဘာသာရပ္ဆိုင္ရာ ဘြဲ႕မ်ားကို ရရွိခဲ့ပါတယ္။ အဆိုပါလူငယ္ေလးရဲ႕ နာမည္ကေတာ့ Tanishq Abraham ျဖစ္ပါတယ္။ Abraham ဟာ ၇ ႏွစ္အရြယ္ကတည္းက အိမ္မွာပဲ စာကို သင္ၾကားခဲ့ရတာျဖစ္တဲဲ့အတြက္ေၾကာင့္ အထက္မွာေဖာ္ျပခဲ့တဲ့ ဘြဲ႕သံုးခုကိုပဲ ရရွိခဲ့တာျဖစ္ျပီး Commuity Collage ကေနေပးတဲ့ အဖြဲ႕အစည္းဆိုင္ရာ ဘြဲ႕ကိုေတာ့ မရရွိခဲ့ပါဘူး။ သူဟာ အသက္ ၁၀ နွစ္အရြယ္မွာတင္ အျခား ပံုမွန္ေက်ာင္းသားမ်ားထက္ ၈ နွစ္ေစာျပီး အထက္တန္းေက်ာင္းကို အိမ္ေနစာသင္သားဘ၀နဲ႕ ေအာင္ျမင္ခဲ့ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့သူေက်ာင္းကိုသြားတဲဲ့အခါ အျခား ၁၈၀၀ ေသာ ေက်ာင္းသားမ်ားနွင့္ အတန္းၾကီးေက်ာင္းသားမ်ားက သူ႔ကို ျခမ္းေျခာက္မႈေတြျပဳလုပ္ၾကတဲ့အတြက္ေၾကာင့္ ေက်ာင္းမသြားပဲ အိမ္မွာ ပဲ စာသင္ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
Abraham ဟာ ငယ္ငယ္ရြယ္ရြယ္နဲ႕ အခုလို ေအာင္ျမင္မႈ ရရွိေနျခင္းဟာ သူ႔မိဘေတြရဲ႕ ၾကိဳးစားမႈေၾကာင့္လည္းပါ၀င္ပါတယ္။ သူ႔အေမဟာ အရင္က American River College မွာ ပဲ Ph.D ဘြဲ႕ကို ရရွိခဲ့တာျဖစ္ျပီး သူ႔အေဖကေတာ့ Cornell Univerisity မွာ Software Engineer အေနနဲ႕ ဘြဲ႕ရရွိခဲ့တာျဖစ္ျပီး သခ်ာၤဘာသာရပ္ရဲ႕ အမွတ္အမ်ားဆံုးရရွိတဲ့ SAT တစ္ေယာက္လည္းျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔တုိ႔ရဲ႕ သားေလးကို အျမဲတမ္း ၾကိဳးစားဖို႔အတြက္ သင္ၾကားျပေပးခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ Abranham မွာ ညီမေလးတစ္ေယာက္ရွိပါေသးတယ္။ သူ႔ညီမေလးကိုလည္း သူ႔လို ျဖစ္လာေအာင္ ကူညီအံုးမယ္လို႔ ေျပာၾကားခဲ့ပါေသးတယ္။ Abraham ဟာ ဆယ္နွစ္အရြယ္နဲ႕ အထက္တန္းေက်ာင္းကို ေအာင္ျမင္ခဲ့တဲဲ့အတြက္ သမၼ အိုဘားမားရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံခဲ့ရျပီး အခု အသက္ ၁၁ နွစ္အရြယ္ ဒီဂရီေတြကေန ဘြဲ႕ရေတာ့မွသာ သမၼတ အိုဘားမားက ဂုဏ္ျပဳစာ ေပးပို႔ျခင္းခံခဲ့ရသူလည္း ျဖစ္ပါတယ္။ အမ်ားရဲ႕ သံုးသပ္ခ်က္အရေတာ့ Abraham ဟာ အနာဂတ္မွာ ေဆး၀ါးသုေတသန ပညာရွင္ ေဒါက္တာတစ္အေယာက္ျဖစ္နုိင္သလို အေမရိကန္ရဲ႕ သမၼတလည္း ျဖစ္နုိင္တယ္လို႔ ခန္႔မွွန္းျခင္းခံခဲဲ့ရသူလည္း ျဖစ္ပါတယ္။
Ref : NBC
ေအာင္ကိုထက္
#aungkohtet_yyl
#news_yyl
(Unicode version)
အမေရိကန် ကောလိပ်အများအပြားရဲ့ ဘွဲ့တွေသိမ်းပိုက်လိုက်တဲ့ အသက် ၁၁ နှစ်အရွယ်လူငယ်လေး
လော့စ်အိန်ဂျလိစ် မှာနေထိုင်ပြီး အိန္ဒိယ လူမျိုး အမေရိကန်မှာ ပညာသင်ကြားကာ ကြီးပြင်လာတဲ့ အသက် ၁၁ နှစ်အရွယ် လူငယ်လေးဟာ အမေရိကန်မှာ ရှိတဲ့ သချာၤနဲ့ ပတ်သက်တဲ့ ဒီဂရီဘွဲ့များ ၊ သိပ္ပံဆိုင်ရာ ဘွဲ့များ နှင့် နိုင်ငံခြား ဘာသာရပ်ဆိုင်ရာ ဘွဲ့များကို ရရှိခဲ့ပါတယ်။ အဆိုပါလူငယ်လေးရဲ့ နာမည်ကတော့ Tanishq Abraham ဖြစ်ပါတယ်။ Abraham ဟာ ၇ နှစ်အရွယ်ကတည်းက အိမ်မှာပဲ စာကို သင်ကြားခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် အထက်မှာဖော်ပြခဲ့တဲ့ ဘွဲ့သုံးခုကိုပဲ ရရှိခဲ့တာဖြစ်ပြီး Commuity Collage ကနေပေးတဲ့ အဖွဲ့အစည်းဆိုင်ရာ ဘွဲ့ကိုတော့ မရရှိခဲ့ပါဘူး။ သူဟာ အသက် ၁၀ နှစ်အရွယ်မှာတင် အခြား ပုံမှန်ကျောင်းသားများထက် ၈ နှစ်စောပြီး အထက်တန်းကျောင်းကို အိမ်နေစာသင်သားဘဝနဲ့ အောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့သူကျောင်းကိုသွားတဲ့အခါ အခြား ၁၈၀၀ သော ကျောင်းသားများနှင့် အတန်းကြီးကျောင်းသားများက သူ့ကို ခြမ်းခြောက်မှုတွေပြုလုပ်ကြတဲ့အတွက်ကြောင့် ကျောင်းမသွားပဲ အိမ်မှာ ပဲ စာသင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Abraham ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို အောင်မြင်မှု ရရှိနေခြင်းဟာ သူ့မိဘတွေရဲ့ ကြိုးစားမှုကြောင့်လည်းပါဝင်ပါတယ်။ သူ့အမေဟာ အရင်က American River College မှာ ပဲ Ph.D ဘွဲ့ကို ရရှိခဲ့တာဖြစ်ပြီး သူ့အဖေကတော့ Cornell Univerisity မှာ Software Engineer အနေနဲ့ ဘွဲ့ရရှိခဲ့တာဖြစ်ပြီး သချာၤဘာသာရပ်ရဲ့ အမှတ်အများဆုံးရရှိတဲ့ SAT တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူ့တို့ရဲ့ သားလေးကို အမြဲတမ်း ကြိုးစားဖို့အတွက် သင်ကြားပြပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် Abranham မှာ ညီမလေးတစ်ယောက်ရှိပါသေးတယ်။ သူ့ညီမလေးကိုလည်း သူ့လို ဖြစ်လာအောင် ကူညီအုံးမယ်လို့ ပြောကြားခဲ့ပါသေးတယ်။ Abraham ဟာ ဆယ်နှစ်အရွယ်နဲ့ အထက်တန်းကျောင်းကို အောင်မြင်ခဲ့တဲ့အတွက် သမ္မ အိုဘားမားရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပြီး အခု အသက် ၁၁ နှစ်အရွယ် ဒီဂရီတွေကနေ ဘွဲ့ရတော့မှသာ သမ္မတ အိုဘားမားက ဂုဏ်ပြုစာ ပေးပို့ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အများရဲ့ သုံးသပ်ချက်အရတော့ Abraham ဟာ အနာဂတ်မှာ ဆေးဝါးသုတေသန ပညာရှင် ဒေါက်တာတစ်အယောက်ဖြစ်နိုင်သလို အမေရိကန်ရဲ့ သမ္မတလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
Ref : NBC
အောင်ကိုထက်

No comments:
Post a Comment