CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 18, 2015
တရုတ်တွင် တိရစ္ဆာန်ရုံ ဝန်ထမ်းကို ကိုက်သတ်သွားသည့် ခြင်္သေ့တစ်ကောင် ပစ်သတ်ခံရ
တရုတ်နိုင်ငံတွင် ဝန်ထမ်းတစ်ဦးကို ကိုက်သတ်ပြီး တိရစ္ဆာန်ရုံ ဝင်းအတွင်းသို့ ထွက်ပြေး လွတ်မြောက်သွားသည့် ခြင်္သေ့တစ်ကောင်ကို အသေပစ်သတ်ခဲ့ရကြောင်း သတင်းရရှိသည်။
ရှန်ဒေါင်းအရှေ့ပိုင်းရှိ တိုင်အန်း ကျားဥယျာဉ်တွင် မေလ ၁၇ ရက်က အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာခြင်းဟု သိရသည်။ အသက် (၆၅) နှစ်ရှိ တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦးသည် ခြင်္သေ့လှောင်အိမ်အတွင်း သန့်ရှင်းရေး လုပ်ဆောင်နေစဉ် ခြင်္သေ့၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ခြင်္သေ့သည် ဝန်ထမ်းအမျိုးသား၏ လည်ပင်းနှင့် ပခုံးတို့ကို ကိုက်ခဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဝန်ထမ်းသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး နောက်ပိုင်းတွင် အသက်ဆုံးရှုံးသွားခဲ့သည်။ ခြင်္သေ့သည် ၎င်းကို သိုလှောင်ထားသည့် ခြံဝင်းအတွင်းမှ လွတ်မြောက်သွားပြီး တစ်နာရီမျှ အကြာတွင် တာဝန်ရှိသူများက ၎င်းကို ခြေရာခံ ရှာဖွေပြီး ပစ်သတ်ခဲ့ရသည်။
မနက်အစောပိုင်း အချိန်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုအပြီး ခြင်္သေ့အနေဖြင့် ၎င်း၏ လှောင်အိမ်အတွင်းမှ မည်သို့မည်ပုံ လွတ်မြောက်သွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ တာဝန်ရှိသူများက တိရစ္ဆာန်ရုံ အဝင်ပေါက် နေရာတွင် သံမဏိစည်းရိုး အတားအဆီးများဖြင့် ပိတ်ဆို့ထားလိုက်ပြီး နံနက်ပိုင်းတွင် တိရစ္ဆာန်ရုံ ရေကူးကန်သို့ ရောက်လာကြသည့် ဧည့်သည်များနှင့် အခြားသော ဝန်ထမ်းများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။
တိရစ္ဆာန်ရုံ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ခြင်္သေ့ကို တိရစ္ဆာန်ရုံ အတွင်းရှိ နံရံတစ်ခုအနီးတွင် ရှာတွေ့ခဲ့ပြီးနောက် လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေကြောင့် ပစ်သတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ တိရစ္ဆာန်ရုံကို ထိုနေ့ နေ့လယ်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခဲ့သည်။
ယခုဖြစ်ရပ်အပေါ် တိရစ္ဆာန် အခွင့်အရေး တောင်းဆိုသူများက ဝေဖန်ရှုတ်ချမှုများလည်း ရှိလာသည်။ “လူတွေက ခြင်္သေ့တွေဟာ ကြမ်းကြုတ် ရက်စက်တယ်လို့ စွပ်စွဲဖို့ပဲ နားလည်တယ်။ ဒါပေမဲ့ ခြင်္သေ့တွေရဲ့ သဘာဝ လွတ်လပ်ခွင့် ဆုံးရှုံးခဲ့လို့ ဒီလိုတွေ ဖြစ်ရတာပါ။ တိရစ္ဆာန်ရုံတွေမှာ ညံ့ဖျင်းတဲ့ အစားအသောက်တွေ ကျွေးမွေးပြီး ဆိုးရွားတဲ့ အခြေအနေမျိုးတွေနဲ့ မွေးထားကြတယ်။ အခုခြင်္သေ့ဆို သေတဲ့အထိ ဖြစ်သွားပြီ”ဟု တစ်ဦးက တရုတ်၏ Social Mediaဖြစ်သော Weibo ဝက်ဘ်ဆိုက်ပေါ်တွင် ရေးသားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် China Zoo Watchက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာ နိုင်ငံတစ်ဝန်းရှိ တိရစ္ဆာန်ရုံများတွင် ကျားများနှင့် အခြားသော တိရစ္ဆာန်များ ညှင်းပန်းနှိပ်စက် ခံနေရသည့် အခြေအနေများ ရှိနေသလို တရားဝင် ခွင့်ပြုချက် မရှိဘဲ တိရစ္ဆာန်များကို ပြပွဲများအတွက် ခိုင်းစေနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
Ref: BBC
7 Day
တရုတ်တွင် တိရစ္ဆာန်ရုံ ဝန်ထမ်းကို ကိုက်သတ်သွားသည့် ခြင်္သေ့တစ်ကောင် ပစ်သတ်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment